International News

အမေရိကန်နိုင်ငံ၌ နိုင်ငံ၏အရေးပေါ်အခြေအနေတွင် ပို့ကုန်ထိန်းချုပ်မှုစည်းမျဉ်းစည်းကမ်းများကို သက်တမ်းတိုးမြှင့်ကြောင်း ကြေညာချက်ထုတ်ပြန်

Last Updated:

နိုင်ငံ၏အရေးပေါ်အခြေအနေ၌ ပို့ကုန်ထိန်းချုပ်မှု စည်းမျဉ်းစည်းကမ်းများကို သက်တမ်းတိုးမြှင့်ကြောင်း ကြေညာချက်တစ်ရပ်ကို အမေရိကန်သမ္မတအိမ်ဖြူတော်က ၁၃-၈-၂၀၂၄ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

၎င်းထုတ်ပြန်ချက်တွင် အပြည်ပြည်ဆိုင်ရာ အရေးပေါ်အခြေအနေ၌ စီးပွားရေးအင်အား ဆိုင်ရာ အက်ဥပဒေ  (International Emergency Economic Powers Act (50 U.S. C. 1701 et seq.)) နှင့်အညီ သမ္မတအမိန့်အမှတ် (၁၃၂၂၂) (Executive Order 13222)ကို ၁၇-၈-၂၀၀၁ ရက်တွင် သမ္မတက ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ ယင်းအမိန့်တွင် ၁၉၇၉ ခုနှစ်၊ ပို့ကုန်စီမံအုပ်ချုပ်မှု အက်ဥပဒေ (Export Administration Act of 1979 (50 U.S.C. 4601 et seq.)) သက်တမ်း ကုန်ဆုံးခဲ့ခြင်းကြောင့် အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေး၊ နိုင်ငံခြားရေးမူဝါဒနှင့် စီးပွားရေးကို သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်သည့် ခြိမ်းခြောက်မှုများရှိသဖြင့် နိုင်ငံ၏အရေးပေါ်အခြေအနေတစ်ရပ်ကို သမ္မတက ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ ၁၉၇၉ ခုနှစ်၊ ပို့ကုန်စီမံအုပ်ချုပ်မှုအက်ဥပဒေ၊ ပုဒ်မ ၁၁(က)၊ ၁၁(ခ)နှင့် ၁၁(ဂ) အပါအဝင် ကန့်သတ်ပိတ်ဆို့မှုချမှတ်ခြင်းများ အကောင်အထည်ဖော်ရန်အတွက် အပြည်ပြည်ဆိုင်ရာအရေးပေါ် အခြေအနေ၌ စီးပွားရေးအင်အားဆိုင်ရာ အက်ဥပဒေအောက်တွင် ၂၀၁၈ ခုနှစ်၊ ပို့ကုန်ထိန်းချုပ်မှု ပြုပြင်ပြောင်းလဲရေးအက်ဥပဒေ (Export Control Reform Act of 2018 (50 U.S. C. 4801 note)) နှင့်အညီဆောင်ရွက်ရန် ၁၇-၈-၂၀၀၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည့် အမျိုးသားအရေးပေါ် အခြေအနေထုတ်ပြန်ချက်၏ ၁၇-၈-၂၀၂၄ ရက် နောက်ပိုင်း အာဏာသက်ဝင်မှုကို သက်တမ်းတိုးမြှင့်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသားအရေးပေါ်အခြေအနေအက်ဥပဒေ (50 U.S.C. 1622(d)) နှင့်အညီ သမ္မတအမိန့် (၁၃၂၂၂) တွင် ဖော်ပြထားသည့် အမျိုးသားအရေးပေါ်အခြေအနေကို ၈-၃-၂၀၁၃ ရက် သမ္မတအမိန့်အမှတ် (၁၃၆၃၇) ပါပြင်ဆင်ချက်အတိုင်း တစ်နှစ်သက်တမ်းတိုးမြှင့်ကြောင်း သမ္မတက ထုတ်ပြန်ကြေညာခဲ့ပါသည်။

 

 

Source: https://www.whitehouse.gov/briefing-room/statements-releases/2024/08/ 13/notice-on-the-continuation-of-the-national-emergency-with-respect-to-export-control-regulations-3/

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး)

Category: International News