International News

ဖိလစ်ပိုင်ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့နှင့် ကိုရီးယားကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အေဂျင်စီတို့ကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်

Last Updated:

ဖိလစ်ပိုင်ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့နှင့် ကိုရီးယားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အေဂျင်စီတို့ကြား နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တိုးမြင့်လုပ် ဆောင်သွားမည်ဖြစ်သည့် နားလည်မှုစာချွန်လွှာ (MOU) အား ၇-၁၀-၂၀၂၄ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီး နယ်စပ်ဖြတ်ကျော်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း ပါဝင်သဖြင့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ပိုမိုတိုးမြင့်လာနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

လတ်တလော သဘောတူလက်မှတ် ရေးထိုးအတည်ပြုသွားမည့် ဖိလစ်ပိုင်-ကိုရီးယား လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်ပြီးနောက် ဆက်လက်ဆောင်ရွက်သည့် အစီ အစဉ်တစ်ခုဖြစ်ပါကြောင်း၊ ယခုရေးထိုးသည့် MOU သည် တီထွင်ဆန်းသစ်မှုနှင့် ထုတ်လုပ်မှုကို ရေရှည်တိုးတက်စေရန် ဆောင်ရွက်နေသည့် ဖိလစ်ပိုင်နိုင်ငံအတွက် တောင်ကိုရီးယားနိုင်ငံ ၏ ခေတ်မှီတိုးတက်နေသော နည်းပညာများနှင့် စက်မှုကဏ္ဍများဆိုင်ရာ အထောက်အပံ့ကောင်းများ ရရှိစေနိုင်သည့် အခွင့်အလမ်းဖြစ်ကြောင်း ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ပြောကြားခဲ့ပါသည်။

MOU တွင် အဓိက ပူးပေါင်းဆောင်ရွက်သွားရန် ဖော်ပြထားသည့် ကဏ္ဍများမှာ business matching event များကျင်းပခြင်း၊ ကုန်သွယ်ရေးမစ်ရှင်များ အပြန်အလှန်စေလွှတ်ခြင်း၊ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲများပြုလုပ်ခြင်းတို့ အပါအဝင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။ ထို့ပြင် ဖိလစ်ပိုင်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ကုမ္ပဏီများကြား အဆက်အသွယ်၊ အချိတ်အဆက်များရရှိစေရေး နှစ်နိုင်ငံအတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် critical minerals processing, ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ လျှပ်စစ်မော်တော်ယာဉ်ကဏ္ဍတို့တွင် နှစ်နိုင်ငံလုံး အကျိုးရှိစေမည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းအသစ်များ ဖန်တီးသွားမည်ဖြစ်ပါကြောင်း ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများထဲရှိ အဓိက ကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်သော တောင်ကိုရီးယားနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအောင် တည် ဆောက်လျက်ရှိပါကြောင်း၊ FTA အသက်ဝင်လာသဖြင့် ဖိလစ်ပိုင်-ကိုရီးယား ကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ်တွင် မြင့်တက်လာခဲ့ပြီး ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော်ထိရှိခဲ့ပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသို့ ကိုရီးယားနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များစွာ ရှိနေပြီး အဓိကအားဖြင့် အခြေခံအဆောက်အအုံ၊ စွမ်းအင်နှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတို့တွင် ဖြစ်ပါ သည်။

ကိုရီးယားနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဖက် ၅ နိုင်ငံတွင်ပါဝင်ပြီး ၂၀၂၄ ခုနှစ်၊ ပထမ ၆ လပတ်အတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၆.၄ သန်းကျော်ထိ ရှိခဲ့ပြီးဖြစ်ပါသည်။  ၂၀၂၃ ခုနှစ်အတွင်း ကိုရီးယားနိုင်ငံ၏ စီမံကိန်းများအတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပီဆို ၁.၀၁၉ ဘီလီယံအား ခွင့်ပြုခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ ကိုရီးယား ကုမ္ပဏီပေါင်း ၂၄၆ ခု မှ ဖိလစ်ပိုင်နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိပြီး အဓိကရင်းနှီးမြှုပ်နှံနေသည့် ကဏ္ဍ များမှာ Transport equipment, Motor Vehicles, Radio & TV equipments, Call centers, Electricity,gas,steam and hot water supply, Textiles, Leather, luggage, handbags and footwears, Private education services, Manufacturing တို့ဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်။

 

Source: https://mb.com.ph/2024/10/14/boi-kotra-forge-strategic-alliance

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

 

Category: International News