International News

ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ FTAs များအား ပိုမိုအသုံးချ၍ ပို့ကုန်တိုးမြင့်အောင် ဆောင်ရွက်ရန် ပို့ကုန်လုပ်ငန်းရှင်များအား တိုက်တွန်း

Last Updated:

ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ်အတွင်း ပို့ကုန်လျာထားချက်ပြည့်မီစေရန်အတွက် FTAs များအား ပိုမိုအသုံးချ၍ ပို့ကုန်တိုးမြင့်အောင်ဆောင်ရွက်သွားရန် ဖိလစ်ပိုင် ပို့ကုန်လုပ်ငန်းရှင်များအသင်းနှင့် ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ သည်။ ၁၁-၆-၂၀၂၄ ရက်နေ့က ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ဖိလစ်ပိုင်ပို့ကုန် လုပ်ငန်းရှင်များအသင်းတို့ကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ပြီးခဲ့သည့် သတင်းပတ်ကကြေငြာချက် ထုတ်ပြန်ခဲ့ပြီး အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း၍ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးမှ ပြောကြားခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

ပူးပေါင်းဆောင်ရွက်ရာတွင် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် RCEP, Philippines-EU, Philippines-Japan, ASEAN FTAs စသည်တို့ပါဝင်သည့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်များ၏ အကျိုးကျေးဇူးများအား ပိုမိုသိရှိနားလည်စေရန် ကုန်သွယ်ရေးဆိုင်ရာပညာပေး အစီအစဉ်များကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာတွင် နှစ်ဖက်အဖွဲ့အစည်းကြား စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်၊ သက်ဆိုင်ရာ နယ်ပယ်အလိုက်လုပ်ငန်း/ ဈေးကွက် ချိတ်ဆက်နိုင်ရေး စသည်ဖြင့် အစီအစဉ်များပါရှိပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ မူဝါဒများ၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးတို့အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့ပြင် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် FTAs များမှတဆင့် အကျိုးအမြတ်ချဲ့ထွင်နိုင်ရေး၊ ဈေးကွက်ချဲ့ထွင်၍ ဖိလစ်ပိုင်နိုင်ငံထွက်ကုန်များအား ကမ္ဘာ့ဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရေးတို့အတွက် ရည်ရွယ်ပါကြောင်း ဖော်ပြထားပါသည်။

ထပ်မံ၍ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး Philippines Export Development Plan (PEDP) 2023-2028  ကိုလည်း အောင်မြင်စေရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊  ၂၀၂၄ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ ၏ ပို့ကုန်တန်ဖိုးအား PEDP အရ  အမေရိကန်ဒေါ်လာ ၁၄၃.၄ ဘီလီယံထိ မျှော်မှန်းထားသော်လည်း မျှော်မှန်းထားသည်ထက် လျော့နည်းနိုင်သည်ဟု ခန့်မှန်းပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ပို့ကုန်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁၂၆.၈ ဘီလီယံရရှိရန် PEDP အရ မျှော်မှန်းထားခဲ့သော်လည်း  လျော့နည်းရရှိခဲ့ပါကြောင်း ရေးသားဖော်ပြထားပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ ၂၀၂၃ ခုနှစ် ပို့ကုန်စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၃ ဘီလီယံကျော်၊ သွင်းကုန် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၆ ဘီလီယံကျော်ဖြင့် ကုန်သွယ်မှုစုစုပေါင်း အမေရိကန်ဒေါ်လာ  ဘီလီယံ ၂၀၀ နီးပါးရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေပြမှု အမေရိကန်ဒေါ်လာ ၅၂ ဘီလီယံကျော် ပေါ်ပေါက်ခဲ့ပါသည်။ ထိပ်တန်းကုန်သွယ်ဖက် ၅ နိုင်ငံမှာ တရုတ်၊ ဂျပန်၊ အမေရိကန်၊ အင်ဒိုနီးရှားနှင့် တောင်ကိုရီးယားနိုင်ငံတို့ဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံမှ ပို့ကုန်တင်ပို့ နေသည့် ထိပ်တန်း ၅ နိုင်ငံမှာ အမေရိကန်၊ တရုတ်၊ ဂျပန်၊ ဟောင်ကောင်နှင့် တောင်ကိုရီးယား တို့ဖြစ်ပြီး ပို့ကုန်ပစ္စည်းများဖြစ်သော Electronic Products, Manufactures, Mineral Products, Ignition Wiring Sets, Machinery and Transport Equipment,Cathods and Refined Copper, Chemicals, Bananas (Fresh),Gold  တို့ဖြစ်ပါသည်။

 

 

Source; https://business.inquirer.net/464150/dti-philexport-push-for-greater-use-of-free-trade-agreements

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News