International News

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းထုတ်ကုန်များ၏ ရောင်းအားကို မြှင့်တင်နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန နှင့် TikTok Shop တို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့

Last Updated:

၂၀၂၇ ခုနှစ်တွင် GDP ၏ ၄၀ ရာခိုင်နှုန်းတွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှ ပါဝင်မှု တိုးမြင့်စေရန်ရည်ရွယ်၍ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနနှင့် e-commerce ပလက်ဖောင်းတစ်ခုဖြစ်သော TikTok Shop တို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံတွင် TikTok အသုံးပြုသူများပြားပြီး ၄၃ သန်းသည် အဆိုပါ ပလက်ဖောင်းကို အသုံးပြုပါကြောင်း၊ ထိုင်းလူမျိုးများသည် ၁ ရက်လျှင် ပျမ်းမျှ ၈ နာရီ အင်တာနက်အသုံးပြုလျက်ရှိပြီး ၆၃ သန်းသော ပြည်သူများသည် အွန်လိုင်းတွင်ရှိပါကြောင်း၊ အင်တာနက်အသုံးပြုသူ ၆၇ ရာခိုင်နှုန်း သည် ပစ္စည်းများကို အွန်လိုင်းမှ ဝယ်ယူလေ့ရှိကြောင်း၊ နားလည်မှုစာချွန်လွှာသည် အဓိက နယ်ပယ် ၃ ခုကို ဦးစားပေးသွားမည် ဖြစ်ကြောင်း၊ ဒီဂျစ်တယ် စီးပွားရေးအရ အခွင့်အလမ်းများကို ရှာဖွေခြင်းဖြင့် ပြည်တွင်းလုပ်ငန်းရှင်များကို အထောက်အကူပြုရန်၊  TikTok Shop တွင် ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှုနှင့် သင်ကြားမှုပုံစံကို ချဲ့ထွင်ရန်နှင့် စမတ်စီးပွားရေးဖွံ့ဖြိုးရေးအတွက် အဝန်းအဝိုင်း  ကို တည်ဆောက်ရန် တို့ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ၇,၀၀၀ ကို ဒီဂျစ်တယ် ဈေးကွက်ဆိုင်ရာ သင်တန်းပို့ချသွားရန် စီစဉ်ထားကြောင်း၊ TikTok Shop သည် ယခင်က စင်ကာပူ တွင် မှတ်ပုံတင်ထားပြီး ယခုအခါ ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားပြီးဖြစ်ပါကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် GDP ၌ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှ ဘတ် ၆.၁ ထရီလီယံ ပါဝင်ပါကြောင်း၊ ဈေးကွက်ပုံစံပြောင်းလဲလာမှုကြောင့် TikTok Shop အွန်လိုင်းဈေးကွက် အတွက် သင်ယူနိုင်သည့် လမ်းကြောင်းဖြစ်လာပါကြောင်း၊ TikTok Shop သင်တန်းကျောင်းမှ စီးပွား ရေး လုပ်ငန်းများသည် အကျိုးအမြတ်၊ ဗဟုသုတနှင့် နည်းလမ်းများ ရရှိနိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှု အတွက် အခွင့်အလမ်းများသည် သိသာထင်ရှားပါကြောင်း၊ အရှေ့တောင်အာရှရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် ၎င်းတို့ဝင်ငွေ၏ ၅၀ ရာခိုင်နှုန်းကို TikTok တွင် ဈေးရောင်းချ ခြင်းဖြင့် ရရှိလျက်ရှိကြောင်း၊ ထိုင်းအသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် အရည် အချင်းအသစ်များ သင်ယူရရှိနိုင်ပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် လစဉ် ထိုင်းဖန်တီးသူ ၇၀၀,၀၀၀ သည် TikTok live လွှင့်လျက်ရှိကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News