International News

ဗီယက်နမ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံ အထိ ရှိလာမည်ဟု ခန့်မှန်း

Last Updated:

ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား သွင်းကုန်ပို့ကုန် ကုန်သွယ်မှုပမာဏသည် ယခုနှစ် ပထမနှစ်ဝက်အတွင်း ကုန်သွယ်မှု သိသိသာသာ တိုးတက်လာမှုကြောင့် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကျော်အထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန (MoIT) ၏ အစီရင်ခံစာအရ နှစ်နိုင်ငံ ကုန်သွယ်မှုသည် ပထမသုံးလပတ်အတွင်း ပြန်လည်ကောင်းမွန်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၅ ဘီလီယံနီးပါးအထိ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါကာလအတွင်း အဓိကဈေးကွက်ကြီးများမှ အမှာစာများ သိသိသာသာ တိုးတက်လာခြင်းကြောင့် ပို့ကုန်ထုတ်လုပ်မှု ပံ့ပိုးရန်အတွက် စက် ယန္တရားနှင့်ပစ္စည်းများ တင်သွင်းမှု မြင့်မားလာစေသည်။

ခိုင်မာသော ကုန်သွယ်မှုတိုးတက်မှု၏ ရလဒ်အနေဖြင့် ဗီယက်နမ် စီးပွားရေးလုပ်ငန်းများသည် တရုတ်နိုင်ငံမှ သွင်းကုန်များအတွက် အမေရိကန်ဒေါ်လာ ၆၇ ဘီလီယံသုံးစွဲခဲ့ပြီး ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၂၇.၈ ဘီလီယံအထိ ရောက်ရှိခဲ့သည်။

ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံအတွက် အကြီးဆုံးပစ္စည်းများ တင်သွင်းသူအဖြစ် ဆက်လက်ရပ်တည်နေပြီး ပြီးခဲ့သည့် ၆ လအတွင်း နိုင်ငံ၏ စုစုပေါင်းတင်သွင်းမှုတန်ဖိုး၏ ၃၇.၆ ရာခိုင်နှုန်းနီးပါးရှိကြောင်း သိရှိရပါသည်။

ယခုနှစ်ပထမနှစ်ဝက်အတွင်း သိသာထင်ရှားသော တိုးတက်မှုကြောင့် ယခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ယခုနှစ်ကျန်လများအတွင်း ပထမနှစ်ဝက်တိုးတက်မှုအတိုင်း ဆက်လက်တိုးလာမည်ဆိုပါက အမေရိကန်ဒေါ်လာ ၁၉၀ ဘီလီယံအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ ထို့ထက် ပိုမိုကောင်းမွန်စွာ ဦးမော့လာနိုင်ပါက အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံကျော် လာနိုင်ကြောင်းနှင့် ပြီးခဲ့သည့်နှစ်က ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံ ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁၇၁.၉ ဘီလီယံ ရှိခဲ့ကြောင်းသိရှိရပါသည်။

 

 

Source: Vietnam Plus

(စီးပွားရေးသံမှူး ၊ ဗီယက်နမ်)

Category: International News