International News

တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှုသည် ခရီးစဉ်ပေါင်း ၁၀၀,၀၀၀ အထိ ရှိလာ

Last Updated:

တရုတ်-ဥရောပ ကုန်တင်ရထား ခရီးစဉ်ပေါင်း ၁၀၀,၀၀၀ သည် တရုတ်နိုင်ငံအနောက် တောင်ပိုင်းရှိ ချုံချင့်မြူနီစီပယ်၏ တရုတ်နှင့် ဥရောပအကြား စီးပွားရေးနှင့် ကုန်သွယ်မှုဖလှယ်မှု ကို ပံ့ပိုးပေးသည့် ဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော မှတ်တိုင်တစ်ခုဖြစ်သည်။

တရုတ်နိုင်ငံ၏ အီလက်ထရွန်နစ်ထုတ်ကုန်များ၊ မော်တော်ယာဉ်များနှင့် မော်တော်ကား အစိတ်အပိုင်းများ၊ စက်အစိတ်အပိုင်းများနှင့် အိမ်သုံးပစ္စည်းများကဲ့သို့သော ကုန်ပစ္စည်းမျိုးစုံတင်ဆောင်ထားသည့် ကုန်တင်ရထားသည် တရုတ်နိုင်ငံ၊ ချုံချင့်မြို့မှ ဂျာမနီနိုင်ငံ၊ Duisburg မြို့သို့ (၁၀) ရက်ကျော်အတွင်း ရောက်ရှိနိုင်မည်ဖြစ်သည်။

တရုတ်-ဥရောပ ကုန်စည်ပို့ဆောင်ရေး ရထားဝန်ဆောင်မှုသည် အရည်အသွေးမြင့်တရုတ် ထုတ်ကုန်ပစ္စည်းများကို ပြည်ပဈေးကွက်များသို့လျင်မြန်စွာနှင့် သယ်ယူပို့ဆောင်ရေးစရိတ်သက်သာစွာဖြင့်ရောက်ရှိစေနိုင်သည်။ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံ ဈေးကွက် သို့ဝင်ရောက်ရန် တံခါးပေါက်အသစ်တစ်ခုအဖြစ် အဆိုပါရထားလမ်းမှတစ်ဆင့် ဖန်တီးပေးသွားမည်ဖြစ်ကြောင်း Yuxinou (Chongqing) Logistics Co., Ltd.မှ Zhang Xiaolong က ပြောကြားခဲ့သည်။

 

၂၀၁၁ ခုနှစ် မတ်လတွင် တရုတ်-ဥရောပ ကုန်တင်ရထား (Yuxinou) ဝန်ဆောင်မှုကို ချုံချင့်မြို့မှ ဂျာမနီနိုင်ငံ၊ Duisburg မြို့သို့ စတင်ဝန်ဆောင်မှုပေးခဲ့ပြီး တရုတ်နှင့် ဥရောပအကြား တိုက်ရိုက် ကုန်းလမ်းကုန်သွယ်မှုစင်္ကြံကို ထူထောင်နိုင်ခဲ့သည်။ လွန်ခဲ့သော ၁၃ နှစ်အတွင်း အဆိုပါဝန်ဆောင်မှုမှ အမေရိကန်ဒေါ်လာ ၄၂၀ ဘီလီယံကျော်တန်ဖိုးရှိသော ကုန်ပစ္စည်းများ တင်ဆောင်ထားသည့် ကုန်သေတ္တာ (20’ TEU) အလုံးရေ ၁၁ သန်းကျော်ကိုပို့ဆောင်ပေးနိုင် ခဲ့သည်။

China State Railway Group Co., Ltd ၏ အဆိုအရ ရထားခရီးစဉ် ၁၀,၀၀၀ ကို ဝန်ဆောင် မှုပေးနိုင်ရန်အတွက် ခုနစ်နှစ်ခွဲအချိန်ကာလမှ ခြောက်လအထိလျှော့ချနိုင်ခဲ့သည်။ ယင်းကြောင့် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုထိရောက်မှုတွင် သိသိသာသာတိုးတက်လာကြောင်းသိရသည်။

ယနေ့အချိန်အထိ တရုတ်-ဥရောပကုန်စည်ပို့ဆောင်ရေး ရထားကွန်ရက်သည် ဥရောပနိုင်ငံ ၂၅ နိုင်ငံရှိ မြို့ပေါင်း ၂၂၇ မြို့နှင့် အာရှနိုင်ငံ ၁၁ နိုင်ငံရှိ မြို့ပေါင်း ၁၀၀ ကျော်ကိုချိတ်ဆက်ထားနိုင်ခဲ့သည်။

သယ်ယူပို့ဆောင်ပေးရသည့် ကုန်ပစ္စည်းအမျိုးအစားများသည်လည်း များစွာကွဲပြားပြီး အီလက်ထရွန်းနစ်ပစ္စည်းများကဲ့သို့ အမျိုးအစား အနည်းငယ်များအပါအဝင် အမျိုးအစား ၅၃ ခု ကျော်နှင့် ကုန်ပစ္စည်းပုံစံပေါင်း ၅ သောင်းကျော်အထိ တိုးပွားလာပါသည်။ တရုတ်နိုင်ငံ၏ စွမ်းအင် မော်တော်ကားအသစ်များ (new energy vehicles)၊ လီသီယမ်ဘက်ထရီများ (lithium batteries)နှင့် photovoltaic ထုတ်ကုန်များအပါအဝင် အဆင့်မြင့်နည်းပညာနှင့် တန်ဖိုးမြင့်ကုန်ပစ္စည်းများသည် ကုန်စည်ပို့ဆောင်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်လာကာ ဤဝန်ဆောင်မှုမှတစ်ဆင့် ကမ္ဘာ့ဈေးကွက်များသို့ ရောက်ရှိလာသည်။

ယင်းတို့ကြောင့် တရုတ်-ဥရောပကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုသည် တရုတ်နိုင်ငံ၏ အာရှ-ဥရောပ ကုန်သွယ်ရေးနှင့် စီးပွားရေးဆက်ဆံမှုများအတွက် အရေးပါသော “ဟန်ချက်ညီမှု (stabilizer)” အဖြစ်ကျယ်ပြန့်စွာရှုမြင်ကြသည်။

အရင်းမြစ်။ http://en.people.cn/n3/2024/1115/c90000-20242422.html

စီးပွားရေးသံမှူး၊ ကူမင်းမြို့။

Category: International News