International News

ဆီနီဂေါနိုင်ငံသို့ ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့မှု ၂၁၅ ရာခိုင်နှုန်း တိုးလာ

Last Updated:

ဗီယက်နမ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများအတွက် ဆီနီဂေါနိုင်ငံသို့ ဆန်တင်ပို့ရန် အခွင့်အလမ်းများရှိလာကြောင်း ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် အယ်လ်ဂျီးရီးယားရှိ ဗီယက်နမ် ကုန်သွယ်မှုရုံးတို့က ပြောကြားခဲ့သည်။

အယ်လ်ဂျီးရီးယားနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးက ဤဈေးကွက်အတွင်း ဆန်အမြောက်အများ စားသုံးလျက်ရှိကြောင်း၊ ဆီနီဂေါနိုင်ငံသို့ တင်သွင်းသည့် ပမာဏမှာ တန်ချိန် ၉ သိန်းမှ တစ်သန်းအထိရှိကြောင်း၊ အဓိကအားဖြင့် တန်ဖိုးနည်း ဆန်ကွဲ ၁၀၀ ရာခိုင်နှုန်း ရှိကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် ဈေးကွက်အတွင်းသို့ ဆန် ၁၂၃၉၂ တန် တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅.၃၅ သန်းရှိကာ ၂၁၅ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရှိရသည်။ ဗီယက်နမ် အကောက်ခွန်ဦးစီးဌာန၏ ကိန်းဂဏန်းများအရ ဗီယက်နမ်သည် ၂၀၂၄ ခုနှစ် ပထမ ၂ လအတွင်း ဆီနီဂေါသို့ ဆန် ၄၁၄ တန် တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၀၇,၈၂၀ ရှိကြောင်း သိရှိရပါသည်။

ဆီနီဂေါနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် သမ္မတရွေးကောက်ပွဲအတွက် ပြင်ဆင်နေသော်လည်း ဆန်ထောက်ပံ့မှု ရှားပါးနေသည့်အတွက် အာရှနိုင်ငံများမှ ဆန်ကွဲတင်သွင်းမှု တိုးလာဖွယ်ရှိ ကြောင်း၊ ၂၀၂၃ ခုနှစ် မတ်လတွင် အိန္ဒိယသည် ပုဂ္ဂလိကလုပ်ငန်းများအား ဆန်ကွဲတန်ချိန် ၂၅၀,၀၀၀ ကို ဆီနီဂေါသို့ တင်ပို့ခွင့်ပြုခဲ့ကြောင်း ဖော်ပြထားပါသည်။

အိန္ဒိယသည် အနောက်အာဖရိကနိုင်ငံအချို့ကို ဆန်ကွဲတင်ပို့မှုအား ၂၀၂၂ ခုနှစ် စက်တင်ဘာ လကတည်းက တားမြစ်ထားပြီး အခြားဆန်အမျိုးအစားများ တင်ပို့မှုအပေါ် အခွန် ၂၀% ပေးဆောင်ရန်နှင့် အဆိုပါ ဆုံးဖြတ်ချက်သည် အနောက်အာဖရိက နိုင်ငံအချို့ကို ပံ့ပိုးကူညီရန် အိန္ဒိယ ကြိုးပမ်းမှုဖြစ်ပုံရပါသည်။

၁၉၉၅ ခုနှစ်မှစ၍ ဆီနီဂေါသည် ဆန်တင်သွင်းမှုအပေါ် တစ်ဦးတည်းချုပ်ကိုင်မှု (Monopoly) ကို ဖြေလျော့ခဲ့ပြီး စားသောက်ကုန်တင်သွင်းမှုအပေါ် အပြည့်အဝ ဖြေလျှော့ပေးခဲ့ပါသည်။ စားနပ်ရိက္ခာဖူလုံမှုရှိစေရန်အတွက် နှစ်အတော်ကြာအောင် ဆီနီဂေါအစိုးရသည် ဆန်စိုက်ပျိုး ရေးမူဝါဒကို အာရုံစိုက်အကောင်အထည်ဖော်ခဲ့သော်လည်း လိုအပ်ချက်၏ ၂၅-၃၀ ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် ဆီနီဂေါနိုင်ငံမှ ဆန်တန်ချိန် ၁.၃ သန်းကို တင်သွင်းခဲ့ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ရှိကြောင်း၊ ပမာဏမှာ ၁၂.၄ ရာခိုင်နှုန်းရှိပြီး ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တန်ဖိုး ၁၃ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားကြောင်း သိရှိရပါသည်။ အဓိက တင်သွင်းသည့်နိုင်ငံများမှာ အိန္ဒိယ၊ ထိုင်း၊ တရုတ်၊ ပါကစ္စတန်၊ ဥရုဂွေးနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

Source: https://en.dangcongsan.vn

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News