International News

ဗီယက်နမ်နိုင်ငံ ကွမ်နင်းပြည်နယ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းခုနစ်ခုကို ဆွဲဆောင်ရန် ရည်မှန်း

Last Updated:

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းဒေသရှိကွမ်နင်းပြည်နယ်တွင် ယခုလအတွင်း အမေရိကန်၊ တရုတ်နှင့် ထိုင်ဝမ်တို့မှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု စီမံကိန်းအသစ် ခုနစ်ခုကို ကြိုဆိုရန် မျှော်လင့်ထားကြောင်းဖြင့် ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။

ပြည်နယ်ပြည်သူ့ကော်မတီဥက္ကဋ္ဌဖြစ်သူ Mr Cao Tường Huy က ပြည်နယ်အနေဖြင့် ယခုနှစ်ကုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ဆွဲဆောင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ အဆိုပါဒေသရှိ အဓိကကဏ္ဍများတွင် နိုင်ငံစုံမှ လုပ်ငန်းများနှင့် စီမံကိန်းများမှ ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေး ဆွဲဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ပြည်နယ်၊ ရင်းနှီးမြှုပ်နှံသူများ၊ အလုပ်သမားများနှင့် ဒေသခံများအကြားရှိ အကျိုးစီးပွားများ သဟဇာတရှိစေရေးအတွက် ပြည်နယ်အစိုးရသည် ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းများ၏ တရားဝင်အခွင့်အရေးများကို အကာအကွယ်ပေးရန် အမြဲအလေးထား ဆောင်ရွက် လျက်ရှိကြောင်း အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့သည်။

လက်ရှိအချိန်ထိ ကွမ်နင်းပြည်နယ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄၇၈ သန်းတန်ဖိုးရှိ စီမံကိန်းရှစ်ခုကို ဆွဲဆောင်ခဲ့ပြီး နိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒုတိယအဆင့်၌ ရပ်တည်ခဲ့ကြောင်း သိရှိရသည်။

အကြီးစားစီမံကိန်းများထဲတွင် ဟောင်ကောင် (China) မှ Gokin Solar မှ ရင်းနှီးမြှပ်နှံသည့် photovoltaic cell technology complex သည် အမေရိကန်ဒေါ်လာ ၂၇၄.၈ မီလီယံရှိပြီး ယခုအခါ အဆိုပါပြည်နယ်သည် နိုင်ငံပေါင်း ၂၀ မှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းပေါင်း ၂၀၀ နီးပါးရှိပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမတည်ငွေ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံနီးပါးရှိကြောင်း သိရှိရပါသည်။

 

Source: Vietnam News

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News