International News

ဗီယက်နမ်နိုင်ငံ၏ ပုစွန်တင်ပို့မှုမှ ၅ လ အတွင်း အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ ရရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ ပုစွန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ် ပထမငါးလတွင် အမေရိကန်ဒေါ်လာ ၁.၃  ဘီလီယံရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၇ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ဗီယက်နမ်ပင်လယ်စာ တင်ပို့ရောင်းချသူများနှင့်ထုတ်လုပ်သူများအသင်း (VASEP) ၏အဆိုအရသိရှိရပါသည်။ တရုတ်သည် အမေရိကန်နိုင်ငံကို ကျော်တက်ကာ ဗီယက်နမ်နိုင်ငံ၏ ပုစွန်အများဆုံး တင်သွင်းသူ ဖြစ်လာဖွယ်ရှိကြောင်းသိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ၏ ပုဇွန်တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် အဆ ၇၀ နီးပါး  တိုးမြင့်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀၆ သန်းကျော်အထိ ရှိခဲ့ကြောင်းနှင့် ဗီယက်နမ်ပုစွန်များကို ကမ္ဘာ့နိုင်ငံနှင့် နယ်မြေ ၁၀၃ ခုသို့ တင်ပို့ခဲ့ကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံသည် ၅ လတာကာလအတွင်း ဗီယက်နမ်၏ ပုစွန်တင်သွင်းမှု အများဆုံးနိုင်ငံ ဖြစ်လာခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ခန့်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၂၁ ရာခိုင်နှုန်း တိုးလာကြောင်းသိရှိရပါသည်။ တစ်ချိန်တည်းတွင်ပင် အမေရိကန်သို့ ပုစွန်တင်ပို့မှုမှ၀င်ငွေသည် အမေရိကန်ဒေါ်လာ ၂၂၉ သန်းရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံသည် တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၈၃ သန်းဖြင့် တတိယနေရာတွင်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၄ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရှိရပါသည်။ EU သည် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၆၅ သန်းဖြင့် စတုတ္ထနေရာတွင်ရှိပြီး တစ်နှစ်ထက် တစ်နှစ် ၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖော်ပြထားပါသည်။

 

 

Source: Vietnam Economic times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

 

Category: International News