International News

အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်း (၀.၂၅) ရာခိုင်နှုန်းလျှော့ချခဲ့

Last Updated:

အမေရိကန်ဗဟိုဘဏ်သည် ၂၀၂၄ ခုနှစ်တွင် တတိယအကြိမ်အတိုးနှုန်းလျှော့ချမှုအဖြစ် ၁၈-၁၂-၂၀၂၄ ရက်တွင်ပြုလုပ်ခဲ့သည့် ဗဟိုဘဏ်အစည်းအဝေး၌ အတိုးနှုန်းကို (၀.၂၅) ရာခိုင်နှုန်း လျှော့ချ ခဲ့ပြီး အကယ်၍ ငွေကြေးဖောင်းပွမှုကျဆင်းမှုမရှိလျှင် ၂၀၂၅ ခုနှစ်တွင် အတိုးနှုန်းကို (၂) ကြိမ်သာ လျှော့ချသွားရန် ခန့်မှန်းထားပါသည်။

၂၀၂၂ ခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်းသည် လက်ရှိငွေကြေးဖောင်းပွမှုနှုန်းထက် (၂)ဆ ခန့်ရှိခဲ့ရာ ဗဟိုဘဏ်က အတိုးနှုန်းတိုးမြှင့်ကာ တုံ့ပြန်ခဲ့သဖြင့် ဗဟိုဘဏ်၏ ဆုံးဖြတ်ချက် သည် အမေရိကန်စီးပွားရေးကို အထိနာစေနိုင်သည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်းခဲ့ကြကြောင်း၊ သို့ရာတွင် ယင်းခန့်မှန်းချက်အတိုင်းဖြစ်မလာဘဲ ငွေကြေးဖောင်းပွမှုတည်ငြိမ်ခဲ့ပြီး ဗဟိုဘဏ်က အတိုးနှုန်းကို ပြန်လည်လျှော့ချနိုင်ခဲ့ကြောင်း၊ ဗဟိုဘဏ်သည် အတိုးနှုန်း (၅.၃) ရာခိုင်နှုန်းမှ (၄.၄) ရာခိုင်နှုန်းသို့ ရောက်ရှိရန် (၃)ကြိမ် လျှော့ချခဲ့ကြောင်း၊ ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Jerome Powell က အတိုးနှုန်းကို ချိန်ညှိရန် သတိထားဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဗဟိုဘဏ်အနေဖြင့် ၂၀၂၅ ခုနှစ်တွင် အတိုးနှုန်းကို (၃.၉) ရာခိုင်နှုန်းသို့ ရောက်ရှိရန် လျှော့ ချသွားမည်ဟု ခန့်မှန်းထားပြီး အတိုးနှုန်းလျှော့ချမှုကို ၂၀၂၅ ခုနှစ်တွင် (၂)ကြိမ်၊ ၂၀၂၆ ခုနှစ်တွင် (၂) ကြိမ် နှင့် ၂၀၂၇ ခုနှစ်တွင် (၁) ကြိမ်ပြုလုပ်သွားမည်ဟု ခန့်မှန်းထားကြောင်း၊ ငွေကြေးဖောင်းပွမှုသည် လျော့ကျမှုမရှိဘဲ ဆက်လက်မြင့်တက်နေပါက အတိုးနှုန်းလျှော့ချရန် စဉ်စားသွားမည်ဖြစ်ကြောင်း၊ သို့ရာတွင် အမေရိကန်နိုင်ငံ၏ စီးပွားရေးသည် အခြားကမ္ဘာ့နိုင်ငံများနှင့်နှိုင်းယှဉ်ပါက အလွန်ကောင်းမွန်လျက်ရှိသည်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားခဲ့ပါသည်။ 

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။

Category: International News