ဗဟိုဘဏ်က အတိုးနှုန်းကို (၀.၂၅)ရာခိုင်နှုန်းလျှော့ချခဲ့ပြီးနောက် အမေရိကန်စတော့ ရှယ်ယာဈေးကွက်ကျဆင်းပြီး ဒေါ်လာတန်ဖိုးမြင့်တက်ခဲ့ကြောင်း၊ စတော့ရှယ်ယာဈေးကွက် အညွှန်းကိန်းများဖြစ်သည့် S&P 500 အညွှန်းကိန်းသည် (၃)ရာခိုင်နှုန်း၊ Russell 2000 အညွှန်းကိန်းသည် (၄.၄) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး Dow Jones Industrial Average သည် ဆယ်ရက် ဆက်တိုက်ကျဆင်းနေခဲ့ကြောင်း၊ (၂) နှစ်သက်တမ်းရှိ ငွေတိုက်စာချုပ်များ၏ အတိုးနှုန်းရငွေသည် (၀.၁) ရာခိုင်နှုန်း မြင့်တက် ခဲ့ကာ (၄.၃၆) ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သဖြင့် (၂)လအတွင်း အများဆုံး မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေါ်လာတန်ဖိုးသည် ၁၈-၁၂-၂၀၂၄ ရက်တွင် (၁.၁) ရာခိုင်နှုန်းတိုးလာခဲ့ကာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ နောက်ပိုင်းမှစ၍ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရှိရပါသည်။
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။