International News

အိန္ဒိယအနေဖြင့် တရုတ်အပေါ် မှီခိုအားထားမှုကို လျှော့ချရန်အတွက် တောင်ကိုရီးယား၊ ဂျပန် တို့နှင့် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန် GTRI က ပြောကြား

Last Updated:

တရုတ်နိုင်ငံ၏တင်ပို့မှုကန့်သတ်မှုများကြောင့် အဓိကသွင်းအားစုများနှင့် စက်ယန္တရားများအတွက် တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုကို ဖြတ်တောက်နိုင်ရန် အီလက်ထရွန်နစ်ပစ္စည်းများ၊ ဆိုလာပြားများနှင့် EV များအတွက် အရည်အသွေးမြင့်အစိတ်အပိုင်းများ အရင်းအမြစ်များ ရရှိရန် အိန္ဒိယသည် ဂျပန်၊ တောင်ကိုရီးယားတို့နှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်လိုအပ်မည်ဖြစ်ကြောင်း  ကုန်သွယ်မှုမူဝါဒလေ့လာဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Global Trade Research Initiative (GTRI) မှကြာသပတေးနေ့တွင် ပြောကြားခဲ့ပါသည်။

တရုတ်၏ ပို့ကုန်ကန့်သတ်ချက်များသည် ပိုမိုကျယ်ပြန့်သော ကုန်သွယ်ရေးစစ်ပွဲမဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ယင်းသည် တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ပြည်ဝင်ခွင့်ဗီဇာများ အပေါ် အိန္ဒိယ၏ ကန့်သတ်ချက်များကို တုံ့ပြန်သည့်အနေဖြင့်ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်းနှင့်  အိန္ဒိယကုမ္ပဏီများသည် အီလက်ထရွန်းနစ်၊ ဆိုလာနှင့် EV ကဏ္ဍများတွင် နှောင့်နှေးမှုများနှင့် အနှောင့်အယှက်များနှင့် ရင်ဆိုင်နေရကြောင်း GTRI က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ပို့ကုန်ကန့်သတ်ချက်များသည် ပိုမိုနက်နဲသည့် ပထဝီဝင်နိုင်ငံရေး တင်းမာ မှုများနှင့် ကုန်သွယ်ရေးစစ်ပွဲများကို အချက်ပြနေပါကြောင်း၊ ယင်းအစီအမံများသည် အိန္ဒိယ၏ အီလက်ထရွန်းနစ်၊ ဆိုလာနှင့် EV ကဏ္ဍများကို သက် ရောက်မှုရှိသော်လည်း ၎င်းတို့သည် တရုတ် နိုင်ငံ၏ ကိုယ်ပိုင်ထုတ်လုပ်ရေးနှင့် ပို့ကုန်များအတွက်လည်း အန္တရာယ်ရှိသည့်အတွက် မကြာခင် တွင် ဖြေရှင်းဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း GTRI တည်ထောင်သူ Ajay Srivastava က ပြောကြားထားသည်။

Source: Boost South Korea, Japan ties to cut reliance on China, The Economic Times, 17 January 2025.

စီးပွားရေးသံမှူး၊ နယူးဒေလီမြို့

Category: International News