International News

ယူအေအီးနှင့်အိန္ဒိယနိုင်ငံတို့၏ ရေနံမဟုတ်သော ကုန်သွယ်မှုသည် ၂၂.၆ % အထိမြင့်တက်သွားခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၃.၈ ဘီလီယံ သို့ရောက်ရှိခဲ့

Last Updated:

ယူအေအီးနှင့်အိန္ဒိယနှစ်နိုင်ငံတို့သည် စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း ကဏ္ဍအတွက် အခွင့်အလမ်းများနှင့်စွမ်းဆောင်ရည်များကို ပိုမိုပံ့ပိုးပေးအပ်နိုင်ရန် ရည်ရွယ်ဆောင် ရွက်လျှက်ရှိပါသည်။

ယူအေအီးနှင့်အိန္ဒိယနိုင်ငံတို့အကြား ရေနံမဟုတ်သောနိုင်ငံခြားကုန်သွယ်မှုသည် ၂၂.၆ % အထိ မြင့် တက်သွားခဲ့ပြီး  ၂၀၂၄ ခုနှစ် ပထမ ၁၀ လအတောအတွင်း အမေရိကန်ဒေါ်လာ ၅၃.၈ ဘီလီယံ (AED ၁၉၇.၄၄ ဘီလီယံ)အထိတိုးတက်လာခဲ့ပြီး တောင်အာရှနိုင်ငံတစ်ခုဖြစ်သော အိန္ဒိယနိုင်ငံသည် ယူအေအီးနို်ငငံ၏ တတိယအကြီးဆုံးသော ကမ္ဘာ့ကုန်သွယ်ဖက်နိုင်ငံဖြစ်လာခဲ့သည်ဟု ယူအေအီး နိုင်ငံ၏ စီးပွားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာခဲ့ပါသည်။

ယူအေအီးနိုင်ငံ၊ စီးပွားရေးဝန်ကြီး Abdullah bin Touq Al Marri နှင့် အိန္ဒိယနိုင်ငံ၊ Kerala ပြည် နယ်၊ စက်မှုနှင့်ဥပဒေ ဝန်ကြီး P. Rajiv တို့ ဒူဘိုင်းတွင်တွေ့ဆုံစဉ်အတောအတွင်း အဆိုပါကိန်း ဂဏန်းများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

ခရီးသွားလုပ်ငန်းများ၊ အဆင့်မြင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စဉ်ဆက်မပြတ် ထုတ်ကုန်ထုတ်လုပ် သုံးစွဲမှု စီးပွားရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းများတို့အပါအဝင် ကဏ္ဍနယ်ပယ်အများအပြားတွင် ယူအေအီးနိုင်ငံနှင့် Kerala ပြည်နယ်တို့အကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

Kerala ပြည်နယ်သည် အလားအလာရှိသောစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများစွာကို ပေးဆောင်ထားကြောင်း Al Marri မှ ပြောကြားခဲ့ပြီး ယူအေအီးနှင့်အိန္ဒိယနှစ်ဘက်စလုံးမှ ပုဂ္ဂလိက ကဏ္ဍနှင့်စီးပွားရေးလုပ်ငန်းရှင်များအတွက် အခွင့်အလမ်းများနှင့်စွမ်းဆောင်ရည်များကို ပိုမိုပေး အပ်သွားရန် ရည်ရွယ်ထားကြကြောင်း သိရှိရပါသည်။

တွေ့ဆုံစဉ်အတောအတွင်း နှစ်နိုင်ငံဝန်ကြီးများသည် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးအတွက် ယခင် နှစ်များကချုပ်ဆိုခဲ့သော ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (CEPA) မှ ကမ်း လှမ်းထားသည့်အခွင့်အလမ်းများကို အခွင့်ကောင်းရယူနိုင်ကြရန် အတွက် အလေးပေးပြောကြားခဲ့ ပါသည်။

ယူအေအီး-အိန္ဒိယ CEPA သဘောတူညီချက်သည် ၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် အသက်ဝင် ခဲ့ပြီး အိန္ဒိယဈေးကွက်သို့ဝင်ရောက်လာသော ယူအေအီးနိုင်ငံ၏ထုတ်ကုန် ၈၀ % ကျော်အပေါ် အခွန်စည်းကြပ်မှုများကိုလျှော့ချခြင်း (သို့မဟုတ်) ဖယ်ရှားခြင်းတို့အပြင် ယူအေအီးနိုင်ငံ၏ ဝန် ဆောင်မှုစီးပွားရေးလုပ်ငန်းကဏ္ဍ ၁၁ ခုနှင့်ကဏ္ဍခွဲ ၁၀၀ ကျော်တို့အတွက် စျေးကွက်ရရှိစေမှုအပေါ် ပိုမိုချဲ့ထွင်နိုင်ခဲ့ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေခဲ့ပါသည်။ နှစ်နိုင်ငံကုန်သွယ်မှုပမာဏအား လာမည့်နှစ်များတွင် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံအထိ မြှင့်တင်နိုင်ရန် နှစ်နိုင်ငံစလုံးမှရည် မှန်းထားကြကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့။

Category: International News