International News

တရုတ်ပြည်မနှင့် ဟောင်ကောင်ဒေသတို့အကြား swap ချိတ်ဆက်မှုဆောင်ရွက်ချက်သစ်များ ကြေညာ

Last Updated:

တရုတ်ပြည်သူ့ဘဏ်၊ Securities and Futures Commission နှင့် ဟောင်ကောင် ငွေကြေးအာဏာပိုင်အဖွဲ့တို့မှ နှစ်ဖက်အကြား swap ချိတ်ဆက်မှု မြှင့်တင်နိုင်ရန် ဆောင်ရွက်ချက်သစ်များ ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါ ဆောင်ရွက်သစ်များကြောင့် တရုတ်ပြည်မနှင့် ဟောင်ကောင်ဒေသတို့အကြား အတိုးနှုန်း swap ဈေးကွက်များ ချိတ်ဆက်နိုင်မည်ဖြစ်သည်ဟု Hong Kong Business သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် “China and Hong Kong announce new swap connect measures” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါဆောင်ရွက်ချက်ကြောင့် swap ချိတ်ဆက်မှုအောက်မှ ဆောင်ရွက်သွားနိုင်မည့် အတိုင်း အတာ ပိုမိုကျယ်ပြန့်လာမည်ဖြစ်သကဲ့သို့ ယန္တရားများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်မည့် အပြင် ပါဝင်မှုကုန်ကျစရိတ်များကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအတွက် စိန်ခေါ်မှုစီမံခန့်ခွဲမှု အမျိုးမျိုးဖြစ်နေခြင်းအတွက် ပိုမိုကောင်းမွန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန်မျှော်လင့်ထားပြီး၊ ကုန်သွယ်မှုမြှင့်တင်နိုင်ရန် ဟောင်ကောင်ဒေသ အစိုးရမှပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ပြုပြင်ပြောင်းလဲမှုများကို အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်အတွက် ဟောင်ကောင်ဒေသအစိုးရအနေဖြင့် တရုတ်ပြည်မဘက်မှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

တရုတ်ပြည်မနှင့် ဟောင်ကောင်ဒေသတို့အကြား အရင်းအနှီးဈေးကွက်များ ချိတ်ဆက်ဝင်ရောက်မှု တိုးချဲ့ရန်နှင့် တရုတ်ပြည်မမှ လုပ်ငန်းကြီးများ ဟောင်ကောင်ဒေသ၏ စတော့ ရှယ်ယာဈေးကွက်တွင် ပါဝင်လာရေးအတွက် အထောက်အကူပြုနိုင်မည့် ဆောင်ရွက်ချက်များ China Securities Regulatory Commission က မကြာသေးမီက မိတ်ဆက်သည့် ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

 

Category: International News