International News

ကမ္ဘာ့ယှဉ်ပြိုင်နိုင်စွမ်း အမြင့်ဆုံး နိုင်ငံ/ဒေသများတွင် ဟောင်ကောင်ဒေသ အဆင့်ငါး၌ရပ်တည်

Last Updated:

၂၀၂၄ ခုနှစ် World Competitiveness Ranking စာတမ်းအရ ဟောင်ကောင်ဒေသသည် ကမ္ဘာ့ယှဉ်ပြိုင်နိုင်မှုအမြင့်မားဆုံး နိုင်ငံ/ ဒေသများအနက် အဆင့်ငါးတွင်ရပ်တည်နေပြီး၊ ဒေသ၏ Business Effciency နှင့် အခြေခံအဆောက်အဦတို့သည် အဆင့် (၇) နှင့် အဆင့် (၉) တို့တွင် အသီးသီး ရပ်တည်နေကြောင်း South China Morning Post သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် “Hong Kong ranks fifth in world’s most competitive economies, Singapore jumps to top spot” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

၁၉၈၉ ခုနှစ်မှစတင်ထုတ်ဝေခဲ့ပြီး၊ စီးပွားရေးအရ အရေးပါသည့် ဒေသများရှိ နိုင်ငံ/ ဒေသ ၆၇ ခုအပေါ် လေ့လာအကဲဖြတ်မှု ရလဒ်များ ပါဝင်သည့် ၂၀၂၄ ခုနှစ်အတွက် World Competitiveness Ranking သုတေသနစာတမ်းကို ဇွန်လ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါစာတမ်းအရ စင်ကာပူနိုင်ငံသည် ထိပ်ဆုံးအဆင့်၌ ရပ်တည်နေပြီး၊ ဆွစ်ဇာလန်နှင့် ဒိန်းမတ်နိုင်ငံတို့သည့် ဒုတိယနှင့် တတိယနေရာတို့၌ အသီးသီးရပ်တည်နေကြောင်း ရေးသားဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်တွင် အဆင့် ၃၆ နေရာ၌ ရပ်တည်နေခဲ့သည့် စီးပွားရေးစွမ်းဆောင်မှု (econo-mic performance) သည် ယခုနှစ်တွင် အဆင့် ၁၁ အထိ သိသိသာသာ မြင့်တက်လာမှုကြောင့် ဟောင်ကောင်ဒေသအနေဖြင့် ယခင်နှစ်က ကမ္ဘာ့ယှဉ်ပြိုင်နိုင်မှု အမြင့်မားဆုံး နိုင်ငံ/ ဒေသများ အနက် အဆင့် (၇) နေရာတွင်ရှိနေခဲ့ရာမှ အဆင့် (၅) သို့ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် government efficiency အနေဖြင့် ယခင်နှစ်ကထက် အဆင့်တစ်ဆင့် ကျဆင်းခဲ့ပြီး တတိယအဆင့်သို့ ရောက်ရှိသွားခဲ့ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News