International News

ဖိလစ်ပိုင် အမျိုးသားစုံစမ်းစစ်ဆေးရေးဌာနမှ ဈေးကွက်တွင်း ကြက်သွန်နီ မှောင်ခိုတင်သွင်း ရောင်းချသူများထဲတွင် ကုန်သည်များနှင့် အစိုးရအရာရှိများ ပါဝင်ပက်သက်နေကြောင်း ပြောကြား

Last Updated:

ဖိလစ်ပိုင်အမျိုးသားစုံစမ်းစစ်ဆေးရေးဌာနမှ ဈေးကွက်တွင်း ကြက်သွန်နီမှောင်ခိုတင်သွင်းရောင်းချသူများတွင် ပါဝင်ပက်သက်နေသော လူပုဂ္ဂိုလ် (၆) ဦးအား စွပ်စွဲတိုင်ကြားခံထားရကြောင်း ၁၈-၉-၂၀၂၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။ ထို့ပြင် အမြတ်အစွန်းမြင့်မားစွာရရှိစေရန် ကုန်ပစ္စည်းသိုလှောင် ဈေးကစားရာတွင် အစိုးရအရာရှိများပါ ပါဝင် ပက်သက်နေသည်ဟု တိုင်ကြားမှုများ ရှိနေကြောင်း ဥပဒေရေးရာဝန်ကြီးဌာနမှလည်း ပြောကြားခဲ့ပါ သည်။ မိမိတို့အနေဖြင့် အစိုးရအရာရှိများတွင်လည်း တာဝန်ရှိနေသည့်အတွက် တိုင်ကြားမှုများတွင် ပါဝင်နေသည်ဟု ယူဆပါကြောင်း ဖော်ပြပါရှိပါသည်။

တိုင်ကြားခံရခြင်းမှာ ကြက်သွန်နီအိတ်ပေါင်း (၈,၀၀၀) ခန့်အား အစိုးရပိုင်ဌာနများနှင့် စားသုံးမှုရေးရာပူးပေါင်းထိန်းချုပ်ရေးအဖွဲ့ (Food Terminal Inc; FTI) သို့ ၂၀၂၂ ခုနှစ်က ပုဂ္ဂလိက ကော်ပိုရေးရှင်းများမှ ရောင်းချခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ပြောကြားခဲ့ပါသည်။ အမျိုးသားစုံစမ်းစစ်ဆေးရေးအဖွဲ့၏ စီစစ်တွေ့ရှိချက်အရ ကြက်သွန်နီ တစ်အိတ်လျှင်အနည်းဆုံး ၂၅ ကီလိုဂရမ် ပါဝင်၍ တစ်ကီလိုလျှင် ပီဆို ၅၀၀ အထက်ဖြစ်ပြီး ထိုအချိန်က တောင်သူဆီမှ ဝယ်ယူသည့်ဈေးနှုန်းမှာ တစ်ကီလိုလျှင် ပီဆို ၂၀ အောက်တွင်သာ ရှိကြောင်း ဖော်ပြပါ ရှိပါသည်။

ထို့ပြင်စွပ်စွဲတိုင်ကြားခံရသူများမှ တင်ဒါခေါ်ယူသည့် လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင်လည်း စာရွက်စာတမ်းအထောက်အထား အတုများပြုလုပ်တင်ပြခဲ့ကြကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၏ ပြောကြားချက်အရ လေလံဝင်ရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီ (၃)ခုအနက် ကုမ္ပဏီ (၂) ခုအတွက် တင်ပြသည့် စာရွက်စာတမ်း  အထောက်အထားများမှာ အတုများပြုလုပ်ထားပြီး ရွေးချယ်လိုသည့် ကုမ္ပဏီတစ်ခုကိုသာ  လေလံအောင်မြင်စေရန် ဆောင်ရွက်ခဲ့ပါကြောင်း ဖော်ပြထားပါသည်။

အဆိုပါဖြစ်စဉ်တွင်စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် ပီဆို ၁၃၄ သန်းခန့် ပါဝင်ပက်သက်မှုရှိနေကြောင်း၊ အစိုးရရှေ့နေများ၏ ဆောင်ရွက်နေမှုများ မပြီးမြောက်ခင် အမည်များထုတ်ဖော်ပြသွား မည် မဟုတ်ကြောင်း ဖော်ပြပါရှိပါသည်။

အမျိုးသားစုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် ၂၀၂၂ နှောင်းပိုင်းကဖြစ်ပွားခဲ့သည့် ကြက်သွန်နီ တစ်ကီလိုလျှင် ပီဆို ၇၀၀ အထိ မြင့်တက်သွားစေရန် ဈေးကစားဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်နှင့် စပ်လျဉ်း၍ တိုင်ကြားချက်ပေါင်းမြောက်များစွာရှိသည့် တိုင်ကြားမှုမျိုးမရှိခဲ့ကြောင်းနှင့် ယခုအကြိမ်သည် ပထမဆုံးတိုင်ကြားချက် အများဆုံးရှိသည့် အမှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

Source; https://www.cnnphilippines.com/news/2023/9/18/doj-nbi-complain-onion-smuggling. html? utm_source= izooto& utm_medium=push_notifications&utm_campaign=NBI% 20files%20 complaint%20vs%20traders,%20gov% 27t%20officials% 20over%20onion%20smuggling

(စီးပွားရေးသံမှူး၊ဖိလစ်ပိုင်)

Category: International News