တောင်ကိုရီးယားနိုင်ငံသုံး ဝမ်ငွေတန်ဖိုးသည် ၁၉-၁၂-၂၀၂၄ ရက်နေ့ ဈေးကွက်အဖွင့်တွင် ၁၅ နှစ်အတွင်း အနိမ့်ဆုံးတန်ဖိုး (အမေရိကန်တစ်ဒေါ်လာလျှင် ၁၄၅၃ ဝမ်) သို့ ပထမဆုံးအကြိမ် ရောက်ရှိကျဆင်းလာခဲ့ပါသည်။ အဆိုပါနှုန်းထားသည် ၁၈-၁၂-၂၀၂၄ ရက်နေ့ ဈေးကွက်အပိတ် နှုန်းထားနှင့်နှိုင်းယှဉ်လျှင် တစ်ဒေါ်လာလျှင် ၁၇.၅ ဝမ် ခုန်တက်လာခြင်းဖြစ်ပါသည်။
၁၉-၁၂-၂၀၂၄ ရက်နေ့ ငွေကြေးဈေးကွက်အဖွင့်တွင် ဖြစ်ပေါ်ခဲ့သော အမေရိကန်ဒေါ်လာ နှင့် ဝမ်ငွေလဲနှုန်းသည် လွန်ခဲ့သည့် ၁၅ နှစ် (၁၆-၃-၂၀၀၉ ရက်နေ့ငွေလဲနှုန်း) က ငွေလဲနှုန်းဖြစ်သည့် အမေရိကန်တစ်ဒေါ်လာလျှင် ၁၄၈၈.၅ ဝမ်ပြီးလျှင် အနိမ့်ဆုံးနှုန်းထားအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။
ယင်းသို့ ဝမ်ငွေတန်ဖိုး တစ်ညအတွင်း ရုတ်တရက်ကျဆင်းလာရသည့် အဓိကအကြောင်းရင်းမှာ အမေရိကန်ပြည်ထောင်စုက စံသတ်မှတ်အတိုးနှုန်းကို ၀.၂၅ ရာခိုင်နှုန်း ထပ်မံလျှော့ချကြောင်း ကြေညာလိုက်ခြင်းကြောင့်ဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုဗဟိုဘဏ်သည် ပြည်တွင်း စံသတ်မှတ်အတိုးနှုန်းကို ၄.၇၅ ရာခိုင်နှုန်းသတ်မှတ်ထားရာမှ ၀.၂၅ ရာခိုင်နှုန်းလျှော့ချကာ ၄.၅ ရာ ခိုင်နှုန်းသို့ ပြောင်းလဲသတ်မှတ်ကြောင်း ၁၈-၁၂-၂၀၂၄ ရက်နေ့တွင် ကြေညာခဲ့ပါသည်။
https://www.investing.com/economic-calendar/interest-rate-decision-168