အမေရိကန်ပြည်ထောင်စုဗဟိုဘဏ်က စံသတ်မှတ်အတိုးနှုန်းကို လျှော့ချလိုက်မှုကြောင့် ဘဏ္ဍာရေးနှင့် နိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်များတွင် ရေတိုကာလအတွင်း မတည်ငြိမ်မှု မြင့်တက်လာမည်ဟု စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး Mr. Choi Sang-mok က ၁၉-၁၂-၂၀၂၄ ရက်နေ့တွင် ကျင်းပခဲ့သည့် “ခဏတာစစ်အုပ်ချုပ်ရေးပြဌာန်းမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးအပေါ်ထိခိုက်စေမှုများ လျှော့ချရေးအစည်းအဝေး” တွင် ပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေးသည် ဘဏ္ဍာရေးဝန်ကြီးနှင့် တောင်ကိုရီးယားဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Rhee Chang-yong အပါအဝင် ထိပ်တန်းဘဏ္ဍာရေးအရာထမ်းများအကြား ၃-၁၂-၂၀၂၄ ရက်နောက်ပိုင်း ပုံမှန်တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေးတစ်ခုဖြစ်ပါသည်။
ဈေးကွက်မတည်ငြိမ်မှုများပိုမိုဆိုးဝါးလာပါက လက်ရှိဆောင်ရွက်နေသော ဈေးကွက်တည်ငြိမ်စေရေး အစီအမံများအပြင် အခြားသောအစီအမံများကို ထပ်မံအကောင်အထည်ဖော် ဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း၊ သို့သော် အလွန်အကျွံတုံ့ပြန်ဆောင်ရွက်ခြင်းကို သတိပြုသင့် ကြောင်း၊ ဦးတည်ချက်တစ်ဘက်တွင် အလွန်အမင်း အားထည့်ဆောင်ရွက်ခြင်းသည် ၎င်း၏ ဆန့်ကျင်ဘက်တစ်ဖက်တွင် ပြင်းထန်သော တန်ပြန်လှုပ်ရှားမှုများဆီသို့ ဦးတည်သွားစေနိုင်ကြောင်း ဝန်ကြီး Mr. Rhee Chang-yong က သတိပေးပြောကြားခဲ့ပါသည်။
Source:
စီးပွားရေးသံမှူး၊ ဆိုးလ်မြို့။