International News

ဗီယက်နမ်နိုင်ငံတွင် ဖုန်းနှင့် အစိတ်အပိုင်းများ၏ ကုန်သွယ်မှုပမာဏတိုးလာ

Last Updated:

ဗီယက်နမ်နိုင်ငံ အကောက်ခွန်ဦးစီးဌာန၏ ကနဦးကိန်းဂဏန်းများအရ ဧပြီလတွင် တင်သွင်းသည့် ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၈၉.၇၂ သန်း ရှိပြီး ပထမ ၄ လအတွင်း စုစုပေါင်း တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်အထိ ရှိလာခဲ့ ကြောင်း သိရှိရပါသည်။ တစ်နှစ်ထက်တစ်နှစ် ၂၂.၄ % တိုးလာသောကြောင့် ဗီယက်နမ်မှ တင်သွင်းသည့် ကုန်ပစ္စည်းများအနက် အဆင့်ငါးနေရာတွင်ရှိကြောင်း သိရှိရပါသည်။

ဗီယက်နမ်မှ ဖုန်းနှင့် ဆက်စပ်ပစ္စည်းများကို တင်သွင်းသည့် ဈေးကွက်များထဲတွင် တရုတ်၊ တောင်ကိုရီးယားနှင့် ဟောင်ကောင် (China) တို့သည် တန်ဖိုးအားဖြင့် အကြီးဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂.၆၆ ဘီလီယံ၊ အမေရိကန်ဒေါ်လာ ၁၃၄.၅ သန်းနှင့် အမေရိကန်ဒေါ်လာ ၂၅.၃ သန်း အသီးသီးရှိကြောင်း သိရှိရပါသည်။

ယခုနှစ် ပထမ ၄ လအတွင်း ပြည်ပသို့ တင်ပို့သည့် ဖုန်းများနှင့် ဆက်စပ်ပစ္စည်းများမှ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၈.၁ ဘီလီယံရှိပြီး ကွန်ပျူတာ၊ အီလက်ထရွန်နစ် ထုတ်ကုန်များနှင့် ဆက်စပ်ပစ္စည်းများ အုပ်စုပြီးလျှင် တန်ဖိုးအားဖြင့် နံပါတ် ၂ နေရာတွင်ရှိကြောင်း ဖော်ပြ ထားသည်။

ဗီယက်နမ်သည် ၂၀၂၂ ခုနှစ်မှစ၍ တရုတ်နိုင်ငံပြီးလျှင် ကမ္ဘာ့စမတ်ဖုန်းများ တင်ပို့မှု ဒုတိယ အကြီးဆုံးနိုင်ငံဖြစ်လာပြီး ကမ္ဘာ့ဈေးကွက်၏ ၁၂% ရှိကြောင်း သိရှိရပါသည်။ Statista မှ ခန့်မှန်းချက်အရ ဗီယက်နမ်စမတ်ဖုန်းဈေးကွက်သည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံအထိ ရှိလာမည်ဖြစ်ပြီး ၂၀၂၄-၂၀၂၈ ကြားကာလအတွင်း ပျမ်းမျှနှစ်စဉ် ၁.၄၅ % တိုးလာမည်ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း စမတ်ဖုန်းအလုံးရေ ၂၁.၄ သန်းခန့် ရောင်းချနိုင်မည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

 

 

Source: VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News