International News

ဗီယက်နမ်နိုင်ငံ၏ ရော်ဘာ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၄၃ သန်းရရှိ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမလေးလအတွင်း ရော်ဘာတန်ချိန် ၄၉၉,၀၀၀ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၄၃ သန်း ရရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ အဆိုအရ သိရှိရပါသည်။

တင်ပို့မှုပမာဏအားဖြင့် တစ်နှစ်ထက်တစ်နှစ် ပမာဏအားဖြင့် ၆.၄ ရာခိုင်နှုန်း တိုးလာပြီး တန်ဖိုးအားဖြင့် ၁၃.၈ ရာခိုင်နှုန်း တိုးလာကြောင်း၊ တရုတ်နိုင်ငံသည် တန်ချိန် ၃၈၄,၀၀၀ ဖြင့် ဗီယက်နမ်၏ အကြီးဆုံးဈေးကွက်တွင် ရပ်တည်လျက်ရှိနေပြီး ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၅၄၄ သန်းနီးပါးရှိကြောင်း သိရှိရပါသည်။ ၎င်းနောက်တွင် အိန္ဒိယမှ တန်ချိန် ၃၈,၅၀၀ တင်ပို့ရပြီး အမေရိကန်ဒေါ်လာသန်း ၆၀ ခန့်ရှိကြောင်း သိရှိရပါသည်။

ဗီယက်နမ်ရော်ဘာအသင်း အထွေထွေအတွင်းရေးမှူး မစ္စတာ ဗိုဟမ်အန်းက ဥရောပသမဂ္ဂ (EU) သည် အရေးပါပြီး အလားအလာရှိသော ဈေးကွက်တစ်ခု ဖြစ်နေဆဲဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အီးယူသို့ ရော်ဘာတင်ပို့မှု စုစုပေါင်းပမာဏမှာ တန်ချိန် ၆၆,၄၇၀ ကျော်ဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉၄.၃ သန်းနီးပါးရှိပြီး တတိယတင်သွင်းသူဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံသည် နိုင်ငံနှင့် နယ်မြေ ၈၀ ကျော်သို့ ရော်ဘာတင်ပို့ခဲ့ကြောင်း၊ ဗီယက်နမ်တွင် စုစုပေါင်း ရော်ဘာစိုက်ပျိုးဧရိယာမှာ ၉၁၈,၀၀၀ ဟက်တာရှိကြောင်း၊ ၎င်းတို့အနက် ဟက်တာ ၂၀၀,၀၀၀ ကျော်သည် ဗီယက်နမ်နိုင်ငံ သစ်တောအသိအမှတ်ပြုလက်မှတ်စနစ် (VFCS) နှင့် သစ်တော အသိအမှတ်ပြုလက်မှတ် (PEFC) တို့၏ ရေရှည်တည်တံ့သော သစ်တောစီမံခန့်ခွဲမှု စံနှုန်းများနှင့် ကိုက်ညီမှုရှိကြောင်း သိရှိရပါသည်။

 

 

Source: Vietnam News

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News