International News

ရုရှားသမ္မတပူတင်၏ နိုင်ငံတော်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် ရုရှားတို့သည် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ၁၁ ချက်ကို လက်မှတ်ရေးထိုး

Last Updated:

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဗီယက်နမ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေစဉ်အတွင်း ဗီယက်နမ်နှင့် ရုရှားနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ၁၁ ချက်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း The Saigon Times အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

သဘောတူညီချက်များတွင် တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်ခြင်း၊ နျူကလီးယားသိပ္ပံနှင့် နည်းပညာစင်တာ အကောင်အထည်ဖော် ဆောင်ခြင်း၊ ရောဂါကာကွယ်ရေးအတွက် ဓါတ်ခွဲခန်းအခြေခံအဆောက်အအုံများ တိုးချဲ့ခြင်း၊ Zarubezhneft အတွက် ချိန်ညှိထားသော ရင်းနှီးမြှုပ်နှံမှုကို မှတ်ပုံတင်ခြင်း၊ နှစ်နိုင်ငံလုံးမှ သိပ္ပံ ဆိုင်ရာဖလှယ်ရေးအစီအစဉ်များ၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် တက္ကသိုလ် မိတ်ဖက်များထူထောင်ခြင်းနှင့် စွမ်းအင်ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင် ရွက်ခြင်းတို့ ပါဝင်ကြောင်းဖော်ပြထားပါသည်။

ဗီယက်နမ်သမ္မတ President Lam သည် ဟနွိုင်းမြို့သမ္မတအိမ်တော်၌ ရုရှားသမ္မတ ဗလာဒီမာပူတင်အား ကြိုဆိုဂုဏ်ပြုသည့်ခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် ဗီယက်နမ်-ရုရှား ဆက်ဆံရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကတိကဝတ်များ၏ အရေးပါမှုကို ထပ်မံအတည်ပြုခဲ့သည်။

ယခုခရီးစဉ်သည် ဗီယက်နမ်နှင့် ရုရှားနိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးမှု အခြေခံမှုများဆိုင်ရာ သဘောတူ စာချုပ်လက်မှတ်ရေးထိုးခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် ဗီယက်နမ်သို့ လာရောက်ခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် သံတမန်ဆက်ဆံရေးတည်ထောင်ခြင်း ၇၅ နှစ်မြောက် ပြည့်မြောက်မည့် အခါသမယကိုစောင့်မျှော်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ထို့နောက် ဗီယက်နမ်သမ္မတ Lam နှင့် ရုရှားသမ္မတပူတင်တို့ ရှေ့တွင် အောက်ဖော်ပြပါ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီမှုများကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်-

ဗီယက်နမ်အစိုးရနှင့် ရုရှားအစိုးရကြား အဆင့်မြင့်ပညာရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်၊

ဗီယက်နမ်တရားရေးဝန်ကြီးဌာနနှင့် ရုရှားတရားရေးဝန်ကြီးဌာနတို့အကြား ၂၀၂၄-၂၀၂၅ ကာလအတွင်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်၊

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် Rosatom ပြည်နယ် အဏုမြူစွမ်းအင်ကော်ပိုရေး ရှင်းတို့အကြား ဗီယက်နမ်နိုင်ငံ နျူကလီးယားသိပ္ပံနှင့် နည်းပညာစင်တာ စီမံကိန်း အကောင် အထည်ဖော်ရန်အတွက် လမ်းပြမြေပုံတစ်ခု ထူထောင်ရန် နားလည်မှုစာချွန်လွှာ၊

ဗီယက်နမ်-ရုရှား အပူပိုင်းဒေသ သိပ္ပံနှင့် နည်းပညာ သုတေသနဌာနနှင့် ရုရှားနိုင်ငံ စားသုံးသူကာကွယ်ရေးနှင့် လူမှုဖူလုံရေး ကြီးကြပ်ကွပ်ကဲရေး ဖက်ဒရယ်ဝန်ဆောင်မှုတို့အကြား ရောဂါကာကွယ်ရေးအတွက် ဓာတ်ခွဲခန်း အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊

ရုရှားအစိုးရပိုင် ရေနံကုမ္ပဏီ Zarubezhneft ကော်ပိုရေးရှင်းသည် ဗီယက်နမ်ရှိ သက်ဆိုင်ရာအာဏာပိုင်များထံမှ Block 11-2 အတွက် ပြုပြင်မွမ်းမံထားသော ရင်းနှီးမြှုပ်နှံဆိုင်ရာသဘောတူညီချက်၊

ဗီယက်နမ်လူမှုရေးသိပ္ပံအကယ်ဒမီနှင့် ရုရှားသမ္မတနိုင်ငံ အမျိုးသားစီးပွားရေးနှင့် ပြည်သူ့အုပ်ချုပ်ရေးအကယ်ဒမီ (RANEPA) တို့အကြား သိပ္ပံဆိုင်ရာ ဖလှယ်မှုဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး သဘောတူညီချက်၊

ဟနွိုင်းတက္ကသိုလ်နှင့် RANEPA တို့ကြား ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီချက်၊

ဗီယက်နမ်အမျိုးသားတက္ကသိုလ် (ဟနွိုင်း)နှင့် အရှေ့ဖျားဖက်ဒရယ်တက္ကသိုလ် (FEFU) တို့အကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်၊

ဗီယက်နမ်အမျိုးသားတက္ကသိုလ် ဟနွိုင်းနှင့် အထက်တန်းစီးပွားရေးတက္ကသိုလ် (HSE) တို့အကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်၊

PetroVietnam နှင့် Novatek တို့အကြား ဗီယက်နမ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊

BVIM Management Joint Stock Company နှင့် Russian Direct Investment Fund (RDIF) တို့အကြား နားလည်မှုစာချွန်လွှာ။

 

 

Source: The Saigon Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News