International News

တီမောလက်စတေး၏ ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ စာချုပ်ကို ထိုင်းအစိုးရအဖွဲ့က ခွင့်ပြုခဲ့

Last Updated:

ထိုင်းနိုင်ငံနှင့် တီမောလက်စတေးနိုင်ငံတို့အကြား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ စာချုပ်အပေါ် ထိုင်းအစိုးရအဖွဲ့က ခွင့်ပြုခဲ့ကြောင်း၊ စာချုပ်အရ နှစ်နိုင်ငံ ဧည့်သည်များသည် ဝင်ရောက်သည့် နေ့ရက်အပေါ် မူတည်၍ ရက်ပေါင်း ၃၀ ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

အာဆီယံအဖွဲ့ဝင်ဖြစ်နိုင်ရေး ဆောင်ရွက်လျက်ရှိသော တီမောလက်စတေးအစိုးရ၏ အဆိုပြုလွှာအပေါ် နိုင်ငံခြားရေးဝန်ကြီးက အစိုးရအဖွဲ့အစည်းအဝေးတွင် တင်ပြခဲ့ပြီးနောက် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ စာချုပ်ကို နှစ်နိုင်ငံအကြား ချုပ်ဆိုသွားမည်ဖြစ် ကြောင်း၊ ဗီဇာကင်းလွတ်ခွင့်သည် အာဆီယံအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းနေသည့် တီမောလက်စတေးအတွက် လိုအပ်ချက်ဖြစ်ကြောင်း၊ အာဆီယံ၏ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်ရန် လမ်းပြမြေပုံတစ်စိတ်တစ်ပိုင်းအဖြစ် တီမောလက်စတေးနိုင်ငံအား လေ့လာသူအဖြစ် ၂၀၂၂ ခုနှစ်တွင် အာဆီယံကခွင့်ပြုခဲ့ပါကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားချက်အရ သိရှိရပါသည်။

လမ်းပြမြေပုံအရ တီမောလက်စတေးသည် အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် (ATIGA) နှင့် အာဆီယံရင်းနှီးမြှုပ်နှံမှုစာချုပ် (ACIA) အပါအဝင် အဓိက စာချုပ် ၆၆ ခုကို လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း၊တီမောလက်စတေးသည် လူဦးရေ ၁ သန်းခန့်ရှိပါကြောင်း၊ ထိုင်းနိုင်ငံသည် နိုင်ငံခြားခရီးသွားများ ပိုမိုဆွဲဆောင်နိုင်ရေး ၎င်း၏ ဗီဇာကင်းလွတ်အစီအစဉ်ကို တိုးချဲ့ခြင်းဖြစ်ပါကြောင်း၊ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်နိုင်သည့် နိုင်ငံအရေအတွက်ကို ၅၇ နိုင်ငံမှ ၉၃ နိုင်ငံသို့ တိုးမြှင့်ခြင်းကို မေလတွင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုင်းနှင့် လီသူယေးနီးယားနိုင်ငံတို့အကြား နှစ်နိုင်ငံချိတ်ဆက်မှုတိုးမြှင့်ရန်ရည်ရွယ်၍ အထူးနှင့် သံတမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအတွက် ရက် ၉၀ ထက်မပိုသော ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ စာချုပ်ကို ဗန်ကောက်တွင် နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အဆိုပါစာချုပ်သည် နှစ်နိုင်ငံ ပြည်သူများအကြား ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်စေပါကြောင်း၊ လီသူယေးနီးယားနိုင်ငံသည် သိပ္ပံပညာ၊ FinTech နှင့် ဒီဂျစ်တယ်လုံခြုံရေးနယ်ပယ်တို့တွင် ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားမှုရှိပါကြောင်း နိုင်ငံခြားရေးဝန်ကြီး Mr. Maris Sangiampongsa ၏ ပြောကြားချက်အရသိရှိရပါသည်။

 

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News