International News

ထိုင်းနိုင်ငံ၌ ကြက်သားဈေးနှုန်းမြင့်တက်လာမှုကြောင့် ဈေးနှုန်းအပေါ် ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနက စောင့်ကြည့်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ၌ ကြက်သားဈေးနှုန်းများ အလွန်အမင်းမြင့်တက်လာမှုကို ကာကွယ်ရန်အတွက် ပြည်တွင်းရောင်းအားနှင့် တင်ပို့မှုအကြား မျှတမှုရှိစေရေး ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များကို တိုက်တွန်းလျက်ရှိပြီး ကြက်သားပို့ကုန်အပေါ် ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနက စောင့်ကြည့်လျက်ရှိကြောင်း သိရှိရပါသည်။

ယခုနှစ် မတ်လမှ ဧပြီလသည် ကြက်သားဈေးနှုန်း မြင့်တက်လာရခြင်းမှာ  ပူပြင်းသော ရာသီနှင့် မိုးခေါင်သောကြောင့်ဖြစ်ပါကြောင်း၊ အပူချိန်မြင့်တက်လာခြင်းကြောင့် စားသုံးမှုကိုလျော့ နည်းစေပြီးအပူအပေါ် စိုးရိမ်မှုကြောင့် ဝယ်ယူနှုန်းတိုးတက်စေကြောင်း၊ ထို့ပြင်မွေးမြူရေးကာလကို မူလ ၃ ရက်မှ ၅ ရက်ထိ တိုးမြှင့်လိုက်ရသဖြင့် မွေးမြူရေးသမားများအတွက် ကုန်ကျ စရိတ်မြင့်တက်စေပါကြောင်း၊ ဦးစီးဌာနအနေဖြင့် မွေးမြူသူတောင်သူများနှင့် ရာသီဥတု အေးလာပြီဖြစ်၍ ကြက်သားထုတ်လုပ်မှုသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ် ကြောင်းနှင့် ကြက်သားဈေးနှုန်း ကျဆင်းတော့မည်ဖြစ်ကြောင်း အတည်ပြုပေးခဲ့သည့် ထုတ်လုပ်သူများနှင့် ဆွေးနွေးခဲ့ပါကြောင်း ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် Mr. Wattanasak Sur-iam က ပြောကြားခဲ့ပါသည်။

ပို့ကုန်မြင့်တက်လာသဖြင့် ပြတ်လပ်မှုဖြစ်ပေါ်လာမည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ ပြည်တွင်း ကြက်သားဈေးနှုန်း တည်ငြိမ်စေရေးအတွက် ပြည်တွင်းရောင်းချမှုနှင့် ပို့ကုန်အချိုးအစား မျှတမှုရှိစေရေး အဓိက ကြက်သား ထုတ်လုပ်တင်ပို့နေသူများဖြစ်သည့် Cargill Meats (Thailand) Co., Ltd၊ CPF (Thailand) Plc နှင့် Saha Farm Co Ltd တို့နှင့် သဘောတူညီပြီးဖြစ်ကြောင်း၊ ပို့ကုန် ပိုမိုသွားပါက ပြည်တွင်းပြတ်လပ်မှုဖြစ်ပေါ်စေနိုင်သည်ဖြစ်၍ ကြက်သားတင်ပို့မှုအပေါ် ပိုမိုတင်းကျပ်သည့် အစီအမံများကို ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အရောင်းမြှင့်တင်ရေး လှုပ်ရှားမှုများမှတစ်ဆင့် ကြက်သားဈေးနှုန်းကို ကျဆင်းစေရန် လက်လီ/လက်ကားအရောင်းဆိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားပါသည်။

ဦးစီးဌာနအနေဖြင့် ဗဟိုနှင့် ပြည်နယ်အဆင့် ကြက်မွေးမြူခြင်းနှင့် ဈေးနှုန်းများအပေါ် စောင့်ကြည့်လျက်ရှိကြောင်း၊ ထုတ်လုပ်သူများနှင့် တင်ပို့နေသူများက ထုတ်လုပ်မှုပမာဏသည် ပြည်တွင်းစားသုံးမှုနှင့် တင်ပို့မှုအတွက်ပါ‌ လုံလောက်ပါကြောင်း၊ မွေးမြူသူများက ကြက်ပေါက် များကို ၃၉ ရက်မှ ၄၂ ရက်ကြာမွေးမြူပြီးနောက် သားသတ်ရုံသစ်များလည်း ဆောင်ရွက်နေပြီ ဖြစ်ရာ ထုတ်လုပ်မှုအဆင့်သည် မူလအတိုင်း ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Goranij Nonejuie က ဖြည့်စွက်ပြောကြားပါသည်။

ထိုင်းနိုင်ငံတွင် ပူပြင်းသော ရာသီနှင့် မိုးခေါင်မှုကြောင့် စားသုံးမှုကျဆင်းနေသော်လည်း ကြက်သားဈေးနှုန်း မြင့်တက်လျက်ရှိရာ အဓိက ကြက်မွေးမြူသူများနှင့် ထုတ်လုပ်သူတို့နှင့် ဆွေးနွေးညှိနှိုင်းပြီး ပြည်တွင်းစားသုံးမှုနှင့် ပို့ကုန်အတွက် ထိခိုက်မှုမရှိစေရေး ပြည်တွင်း ကုန်သွယ်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News