International News

ဖိလစ်ပိုင်နိုင်ငံ၏စီးပွားရေးပြန်လည်ဦးမော့လာမည့် အခြေအနေအား ရိုက်ခတ်နိုင်သည့် စက်သုံးဆီအပေါ် ကောက်ခံလျက်ရှိသောအထူးကုန်စည်ခွန်နှင့် တန်ဖိုးမြှင့်ခွန်တို့အား ခေတ္တရပ်ဆိုင်းပေးရန် အဆိုပြုတင်ပြချက်

Last Updated:

တိုင်းပြည်၏ဘဏ္ဍာရေးအခြေအနေ ပိုမိုကောင်းမွန်သည့်အခြေအနေ ပြန်လည်ရောက်ရှိစေရန်အား ရိုက်ခတ်မှုရှိနိုင်သည့် စက်သုံးဆီအပေါ်ကောက်ခံလျက်ရှိသော အထူးကုန်စည်ခွန်နှင့် တန်ဖိုးမြှင့် ခွန်တို့အား ခေတ္တရပ်ဆိုင်းပေးရန် တောင်းဆိုတင်ပြချက်သည် နောက်ဆက်တွဲ ပြင်းထန်သည့် အကျိုးဆက်များဖြစ်ပေါ်စေနိုင်ကြောင်းနိုင်ငံတော်သမ္မတ၏စီးပွားရေးအကြံပေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဖြစ်သူ Benjamin Diokno မှ သတိပေးပြောကြားခဲ့ပါသည်။

မည်သည့်အဆိုပြုချက်မဆို ပြည်တွင်းစီးပွားရေးအခြေအနေအပေါ် အနှုတ်လက္ခဏာဆောင်သော အကျိုးသက်ရောက်နိုင်သည့်အခြေအနေနှင့် အစိုးရ၏ဘဏ္ဍာရေးအခြေအနေ ပိုမိုကောင်းမွန်လာစေရန်တို့ကို ဖြစ်ပေါ်စေနိုင်ပါကြောင်း၊ ယခုကဲ့သို့တင်ပြတောင်းဆိုမှုသည် တိုင်းပြည်၏ ငွေကြေး ဖောင်းပွမှုနှုန်းအား လျော့ကျစေရန် အထောက်အကူမပြုနိုင်ပါကြောင်းနှင့် စက်သုံးဆီသုံးစွဲမှုစုစုပေါင်း၏ ထက်ဝက်ခန့်အား သုံးစွဲလျက်ရှိသည့် ၁၀% ခန့်သော ချမ်းသာသည့်လူတစ်စုအတွက်သာ အကျိုးရှိ စေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အောက်လွှတ်တော်ဥက္ကဋ္ဌ  Martin Romualdez မှ နိုင်ငံတော်သမ္မတထံသို့ အဆိုပြုချက်ပါ အချက်အလက်များနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ အခွန်ရငွေလျော့နည်းနေမှုမှာ နောက်ဆုံး(၃)လပတ်တစ်ခုတည်းတွင် ပီဆို ၇၆ ဘီလီယံခန့် ရှိနိုင်သည်ဟု ခန့်မှန်းရရှိပါကြောင်း၊ တစ်နှစ်လုံးအနေဖြင့် အခွန်ရငွေလျော့နည်းမှုမှာ ပီဆို ၂၈၀.၅ ဘီလီယံ သို့မဟုတ် တိုင်းပြည်စီးပွားရေး၏ ၁.၁% ခန့်ကိုထိခိုက်နိုင်ပါကြောင်း၊ အကျိုးဆက်အားဖြင့် Debt-to-GDP အချိုး မြင့်တက်လာနိုင်ပါကြောင်း ဖော်ပြထားပါသည်။

ထို့ပြင်ဘဏ္ဍာရေးအခြေအနေပိုမိုဆိုးရွားလာခြင်းကကြွေးမြီပြန်လည်ပေးဆပ်နိုင်မှု နိုင်ငံတကာအဆင့်သတ်မှတ်ချက် ကျဆင်းသွားနိုင်ခြေရှိပါကြောင်း၊ အစိုးရဘဏ္ဍာငွေလိုအပ်ချက် မြင့်မားလာခြင်းကြောင့် အစိုးရကြွေးမြီမြင့်တက်လာနိုင်ပြီး ပုဂ္ဂလိကကဏ္ဍအနေဖြင့်လည်း မြင့်မားသောအတိုးနှုန်းများဖြင့် ချေးငွေရယူရမည်ဖြစ်သဖြင့် ကုန်ကျစရိတ်များ မြင့်တက်လာပြီး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အပေါ် ထိခိုက်လာနိုင်ပါကြောင်း ဘဏ္ဍာရေးဝန်ကြီးမှ ပြောကြားခဲ့ပါသည်။

မူဝါဒအသစ်တစ်ခုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထိခိုက်နစ်နာနိုင်သည့် အုပ်စုများအတွက် ထောက်ပံ့ပေးမှုအစီအစဉ်များဆိုင်ရာ ကြိုတင်စီမံထားသင့်ကြောင်း၊ ယခု သတင်းပတ်မှာ ပုဂ္ဂလိကစက်သုံးဆီကုမ္ပဏီများမှ ဈေးနှုန်းညှိနှိုင်းချက်ဆောင်ရွက်ပေးနေသည့် ၁၁ ပတ်မြောက် ဖြစ်ပါ ကြောင်း၊ စက်တင်ဘာလ အစောပိုင်းသတင်းပတ်များက ဖိလစ်ပိုင်ရသုံးငွေစာရင်းဌာနမှ ပို့ဆောင်ဆက်သွယ်ရေးအလုပ်သမားများအတွက် စက်သုံးဆီထောက်ပံ့ပေးမှုအနေဖြင့် ပီဆို ၃ ဘီလီယံထိ ထောက်ပံ့ပေးခဲ့ပါကြောင်းဖော်ပြထားပါသည်။ အခွန်နှုန်းထားလျှော့ချပေးခြင်းသည် နိုင်ငံရေးသမားများအတွက်လူကြိုက်များစေရန် ဆွဲဆောင်နိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပါကြောင်း၊ သို့သော် ဥပဒေပြင်ဆင်ပြဋ္ဌာန်းရန်အတွက်မှာမူ အချိန်ယူရလေ့ရှိပါကြောင်းဖော်ပြပါရှိပါသည်။

 

 

 

Source;https://www.cnnphilippines.com/business/2023/9/19/diokno-reaction-suspension-

(စီးပွားရေးသံမှူး၊ မနီလာမြို့)

         

Category: International News