Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့မှ (၁၉) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၉၆၅) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၁၂၉)သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၀၉၄)သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၄၁.၂) တန်၊ ရွှံ့ဂဏန်း (အရှင်) (၄.၅) တန်၊ ဂျင်းခရု (အရှင်) (၂.၈) တန်၊ ဂဏန်း(အသေ) (၀.၈)တန်၊ ရေခူဆားနယ်  (၅.၆) တန်၊ ကျောက်ပုဇွန် (အရှင်) (၀.၁) တန်၊ ငှက်ပျောသီး (၃၀) တန်၊ ငရုတ်သီးစိမ်း (၀.၇) တန်၊ တံမြက်စည်း (၂၄၀၀၀) ခု တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ ကြွေပြား (၃၂၀၀) စတုရန်း မီတာနှင့် ငါးသေတ္တာဘူးခွံ (၁၀) တန်တို့ဖြစ်ပါသည်။

မောတောင်နယ်စပ်ဒေသ၌ ၁၉-၉-၂၀၂၃ ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်း လျှင် ဘတ် (၁၀၅၀)၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၅.၂၄) ကျပ်ခန့်ရှိကြောင်းသိရှိရသည်။

Source: https://commerce.gov.mm

Category: Local News