International News

ထိုင်းနိုင်ငံ၊ ဗန်ကောက်ပြပွဲ၌ ကိုရီးယားပို့ကုန်လုပ်ငန်းရှင်များက ကိုရီးယားထုတ်ကုန်များကို မြှင့်တင်နိုင်ခဲ့

Last Updated:

ကိုရီးယားနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ကိုရီးယား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီ (Kotra) တို့ ပူးပေါင်း၍ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် “Seoul Food in Bangkok 2024” ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အခမ်းအနားသည် ကိုရီးယားနှင့် နိုင်ငံတကာ ကုမ္ပဏီများအကြား သတင်းအချက် အလက်ဖလှယ်ရေးကို မြှင့်တင်ပေးပြီး စက်မှုလုပ်ငန်းရှင်များအနေဖြင့် ကမ္ဘာ့အနှံ့သို့ တိုးချဲ့နိုင်ရေး လုပ်ငန်းအခွင့်အလမ်းများ ရှာဖွေခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် ကိုရီးယား ယဉ်ကျေးမှုသည် လွှမ်းမိုးနေသောကြောင့် ကိုရီးယားပို့ကုန်များသည် အလားအလာကောင်းပါကြောင်း၊ ပင်လယ်စာထုတ်ကုန်များ၊ ရေညှိ၊ အသင့်စားခေါက်ဆွဲ၊ အရသာနှင့် ဟင်းရည်စားသောက်ဖွယ်ရာများသည် ထိုင်းနိုင်ငံသို့ တင်ပို့နေသော ထိပ်တန်းပို့ကုန်များဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် ကိုရီးယား ယဉ်ကျေးမှုအတွက် အချက်အခြာဖြစ်သောကြောင့် ထိုင်းနိုင်ငံ၌ ပြပွဲကျင်းပပြုလုပ်ခြင်းသည် ဒေသတွင်းရှိ အခြားသောနိုင်ငံများကိုပါ သက်‌ရောက်မှုရှိစေမည်ဟု ယုံကြည်ကြောင်း Kotra ညွှန်ကြားရေးမှူးချုပ် Mr. Jung Won Joon က ပြောကြားခဲ့ပါသည်။

B2B ပြပွဲကို ၄ ရက်ကြာကျင်းပခဲ့ပြီး ကိုရီးယား ပို့ကုန်လုပ်ငန်းရှင် ၉၂ ဦး ပါဝင်ပြသခဲ့ပါ ကြောင်း၊ အရှေ့တောင်အာရှနှင့် တောင်အာရှတို့မှ ဖြန့်ချိရေးကိုယ်စားလှယ် ၃၀၀ ကျော်ပါဝင်ခဲ့ ကြပြီး CP Group၊ ဗီယက်နမ် Lotte တို့ကိုလည်း စီးပွားရေး ချိတ်ဆက်နိုင်ရေးအတွက် ဖိတ်ကြားခဲ့ပါကြောင်း၊ ကိုရီးယားနှင့် ထိုင်းအစားအစာ ကုမ္ပဏီများအကြား အသင်းအဖွဲ့ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေးအတွက် ထိုင်းကုန်သည်ကြီးများအသင်းနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ B2B ချိတ်ဆက်မှုမှ အမေရိကန်ဒေါ်လာ ၃၀၀ သန်း ရရှိရန် ခန့်မှန်းထားပါကြောင်း၊ လာမည့်နှစ်တွင် ဒုတိယအကြိမ် ဗန်ကောက်ပြပွဲကို ကျင်းပရန် စီစဉ်ထားပြီး ကိုရီးယား ပို့ကုန်လုပ်ငန်းရှင် ၂၀၀ ကျော် ပါဝင်သွားရန် မျှော်မှန်းထားကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ၌ ကိုရီးယားယဉ်ကျေးမှုနှင့် အစားအစာများ၏ လွှမ်းမိုးထားမှုကို အခြေခံ၍ ကိုရီး ယားပို့ကုန်လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းသစ်များ ပိုမိုဖန်တီးပေးနိုင်ရန် ရည်ရွယ်၍  ထိုင်း နိုင်ငံ၌ ပြပွဲစီစဉ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: www.bangkokpost.com

 စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

Category: International News