International News

Pfizer ကုမ္ပဏီ၏ နှစ်ပေါင်းများစွာကြာမြင့်မည့် အသုံးစရိတ်လျှော့ချမှုအစီအစဉ်

Last Updated:

Pfizer ကုမ္ပဏီသည် လုပ်ငန်းထိရောက်စွာလည်ပတ်ခြင်း၊ ကွန်ယက်ဖွဲ့စည်းပုံများပြောင်းလဲခြင်း နှင့် ထုတ်ကုန်ပစ္စည်းများအပေါ် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ကုမ္ပဏီ၏ လုပ်ငန်းများတွင် နှစ်ပေါင်းများစွာကြာမြင့်မည့် အသုံးစရိတ်လျှော့ချမှုအစီအစဉ်ကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း Wall Street Journal အွန်လိုင်းသတင်းတွင် ၂၂-၅-၂၀၂၄ ရက်၌ “Pfizer to Cut Costs in Multi-Year Effort” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ကုမ္ပဏီ၏ အသုံးစရိတ်လျှော့ချမှုအစီအစဉ်၏ ကနဦးအဆင့်အဖြစ် ၂၀၂၇ ခုနှစ်တွင်အမေရိကန် ဒေါ်လာ (၁.၅)ဘီလီယံအထိ အကုန်အကျသက်သာသွားမည်ဖြစ်ကြောင်း၊ ငွေကြေးသက်သေခံ လက်မှတ်ကြီးကြပ်ရေးကော်မရှင်သို့  ယခုသီတင်းပတ်အတွင်း တင်ပြသည့် အချက်အလက်များအရ အလုပ်သမားအရေအတွက် မည်မျှအထိလျှော့ချသွားမည်ကို ဖော်ပြခြင်းမပြုသော် လည်း အလုပ်သမားလျှော်ကြေးနှင့် ကနဦးအဆင့်အကောင်အထည်ဖော်ရန် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ (၁.၇) ဘီလီယံအထိ ရှိမည်ဖြစ်ကြောင်း၊ ယခင်နှစ် အောက်တိုဘာလတွင် ကုမ္ပဏီအနေဖြင့် ကုန်ကျစရိတ်ပြန် လည်ထိန်းညှိသည့်အစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ အမေရိကန်ဒေါ်လာ (၃.၅) ဘီလီယံအထိ အနည်းဆုံး အကုန်အကျသက်သာခဲ့ကြောင်း၊ Pfizer ၏ ၁-၅-၂၀၂၄ ရက်ထုတ်ပြန်ချက်အရ ပထမသုံးလပတ်အတွင်း ကုမ္ပဏီ၏ရောင်းအား အမေရိကန်ဒေါ်လာ (၁၄.၉) ဘီလီယံရှိခဲ့ပြီး ယင်းပမာဏမှာ ယခင်ကာလတူနှင့် နှိုင်းယှဉ်ပါက (၂၀) ရာခိုင် နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ ဤသို့ရောင်းအား ကျဆင်းခြင်းသည် ယခင်နှစ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးရောင်းအားမြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်သော်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးမဟုတ်သည့် အခြားဆေးများ၏ ရောင်းအားသည် (၁၁) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း၊ Pfizer ကုမ္ပဏီသည် မေလတွင် Mr. Andrew Baum ကို မဟာဗျူဟာနှင့် တီထွင်ဆန်းသစ်မှုအမှုဆောင်အရာရှိချုပ်အဖြစ် ငှားရမ်းခဲ့ကြောင်း သိရှိရပါသည်။

 

 

Source;https://www.wsj.com/economy/central-banking/pfizer-to-cut-costs-in-multi-year-effort-106efb28?mod=economy_lead_pos5 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News