International News

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံ၏ လူသုံးကုန်ပစ္စည်းများ ကုန်သွယ်မှု အစီအစဉ်မှ အကျိုးအမြတ်များ ရရှိ

Last Updated:

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံ၏ လူသုံးကုန်ပစ္စည်းများ ကုန်သွယ်မှု အစီအစဉ် (consumer goods trade-in program) တွင် ပါဝင်ခဲ့ကြပြီး ယင်းအစီအစဉ်မှ အကျိုးအမြတ်များ ရရှိခဲ့ကြောင်း တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြခဲ့ပါသည်။

မော်တော်ကားရောင်းဝယ်ရေး အစီအစဉ် (automobile trade-in program) တွင် နိုင်ငံခြား အမှတ်တံဆိပ် ကားသစ်များ၏ ရောင်းချမှုသည် ၃၅ ရာခိုင်နှုန်းကျော်ရှိကြောင်းသိရှိရပါသည်။ အဆိုပါ အစီအစဉ်ကြောင့် နိုင်ငံခြား ကားကုမ္ပဏီများ၏ ရောင်းချမှုသည် သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ဝန်ကြီးဌာန တာဝန် ရှိသူ Li Gang က သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့ပါသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကားကုမ္ပဏီကြီး ၁၀ ခုအတွက် ခရီးသည်တင်ကား ရောင်းချမှုသည် တစ်လလျှင် ၁၅ ဒသမ ၅ ရာခိုင်နှုန်း တိုးလာပြီး အောက်တိုဘာလတွင် ယခင်လနှင့် နှိုင်းယှဉ်ပါက ၄ ဒသမ ၁ ရာခိုင်နှုန်း တိုးလာကြောင်း Li က ဖော်ပြခဲ့ပါသည်။

အဆိုပါ ကုန်သွယ်မှုအစီအစဉ်သည် လူကြိုက်များလာမှုနှင့်အတူ သိသိသာသာ တိုးတက်မှုရှိလာခဲ့ကြောင်း၊ တစ်နိုင်ငံလုံးတွင် ကားအစီးရေ ၂ ဒသမ ၇ သန်းနီးပါးကို ဖျက်သိမ်းခဲ့ပြီး အစားထိုးဝယ်ယူမှု အနေဖြင့် ကားအစီးရေ ၃ ဒသမ ၁ သန်း အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း Li က ပြောကြားခဲ့ပါသည်။

သုံးစွဲသူဦးရေ စုစုပေါင်း ၃၃ ဒသမ ၃ သန်းကျော်သည် အိမ်သုံးပစ္စည်းများ ရောင်းဝယ်မှု (trade-in home appliances) ၅၂ ဒသမ ၁ သန်း၊ အိမ်သုံးပစ္စည်းများ ထောက်ပံ့မှု (subsidized home impro-vement products) ၅၃ သန်းကျော်နှင့် လျှပ်စစ်စက်ဘီး (electric bicycyles) ၁ သန်းကျော် ကို ဝယ်ယူခဲ့ကြောင်းသိရှိရပါသည်။

တရုတ်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် လာမည့် ၂၀၂၅ ခုနှစ် အတွက် ကုန်သွယ်မှုဆိုင်ရာ မူဝါဒများကို လေ့လာ၍ ချမှတ်သွားရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်ကြောင်း Li က ပြောကြားခဲ့ပါသည်။

အရင်းအမြစ်။ http://en.people.cn/n3/2024/1221/c90000-20256946.html

စီးပွားရေးသံမှူး၊တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News