International News

စဉ်ဆက်မပြတ်ပံ့ပိုးပေးလျက်ရှိသည့် မူဝါဒအထောက်အပံ့များကြောင့် တရုတ်နိုင်ငံ ၏ စီးပွားရေးပြန်လည်ဦးမော့လာမှုသည် အရှိန်ရလာ

Last Updated:

မကြာသေးမီက တိုးတက်မှုကိုအထောက်အကူဖြစ်စေသော မူဝါဒများကြောင့် တရုတ်နိုင်ငံ ၏ စီးပွားရေးပြန်လည်ဦးမော့လာမှုသည် နိုဝင်ဘာလတွင် အရှိန်အဟုန် မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလတွင် ပေါင်းစပ်မူဝါဒအစီအမံများ၏ သက်ရောက်မှုသည် ဆက်လက်ရှိနေခဲ့ပြီး လွန်ခဲ့သည့်လအတွက် စက်မှုကုန်ထွက်၊ ရင်းနှီးမြှုပ်နှံမှု၊ စားသုံးမှုနှင့် ဝန်ဆောင်မှုကဲ့သို့သော အဓိကစီးပွားရေးညွှန်းကိန်းများတွင် ရလဒ်ကောင်းများထွက်ပေါ်ခဲ့ကြောင်း အမျိုးသားစာရင်းအင်း ဗျူရို (National Bureau of Statistics-NBS) မှ ပြောကြားခဲ့သည်ဟု သိရှိရသည်။

မူဝါဒအစီအမံများ၏အထောက်အပံ့ကြောင့် တရုတ်စီးပွားရေးသည် တိုးတက်မှုရှိပြီး အပြု သဘောဆောင်သည့်အချက်များ ထပ်မံဖြစ်ပေါ်စေကာ ယေဘုယျအားဖြင့် တည်ငြိမ်သော တိုးတက်မှုကို ရရှိခဲ့ကြောင်း NBS ပြောရေးဆိုခွင့်ရှိသူ Fu Linghui က ၁၆-၁၂-၂၀၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။

အကြီးစားစက်ကိရိယာများကို အဆင့်မြှင့်တင်မှုများနှင့် လူသုံးကုန်ပစ္စည်းများ အဟောင်း ပေးအသစ်ယူအစီအစဉ်များကြောင့်  အရေးကြီးသည့်စီပွားရေးညွှန်းကိန်းတစ်ခုဖြစ်သည့် တန်ဖိုး မြှင့်စက်မှုထုတ်ကုန်များသည် နိုဝင်ဘာလတွင် တစ်နှစ်ထက်တစ်နှစ် (၅.၄)ရာခိုင်နှုန်း တိုးလာ သည်ဟု NBS ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း သိရှိရသည်။

စက်ကိရိယာထုတ်လုပ်မှုကဏ္ဍ၏ ထုတ်လုပ်မှုသည် နိုဝင်ဘာလတွင် ပြီးခဲ့သည့်နှစ်က ထက် (၇.၆)ရာခိုင်နှုန်း တက်လာပြီး ယခင်လထက် (၁)ရာခိုင်နှုန်းပိုမိုများပြားလာကာ စက်မှု လုပ်ငန်းအားလုံးပေါင်းတိုးတက်မှု၏ ထက်ဝက်နီးပါးရှိခဲ့သည်ဟု NBS ၏ အချက်အလက်များအရ သိရှိရသည်။

ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် purchasing managers' index သည် ပြီးခဲ့သည့်လက (၅၀.၃)တွင် ရှိခဲ့ပြီး ယခင်လကထက် (၀.၂)ရာခိုင်နှုန်း တက်လာကြောင်း၊ အဆိုပါညွှန်းကိန်းသည် (၅)လဆက်တိုက်ကျဆင်းနေရာမှ အောက်တိုဘာလတွင် ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

Fu သည် ရင်းနှီးမြှုပ်နှံမှုနှင့် စားသုံးမှု၌ ဝယ်လိုအားတိုးလာခြင်းကို အလေးပေးပြော ကြားခဲ့ကြောင်း၊ နိုင်ငံ၏ ပုံသေပိုင်ဆိုင်မှုရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၄ ခုနှစ်၊ ပထမ (၁၁)လတွင် တစ်နှစ်ထက်တစ်နှစ် (၃.၃)ရာခိုင်နှုန်း မြင့်တက်လာပြီး ယွမ် (၄၆.၅၈၃၉)ထရီလီယံ (အမေရိကန် ဒေါ်လာ ၆.၄၈ ထရီလီယံခန့်) အထိ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလတွင် တရုတ်နိုင်ငံ၏ လူသုံးကုန်ပစ္စည်းများ လက်လီရောင်းချမှုသည် ယွမ် (၄.၃၈)ထရီလီယံအထိရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၃)ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု Fu က ပြောကြားကြောင်း၊ နိုင်ငံ၏လူသုံးကုန်ပစ္စည်းများကို အဟောင်းနှင့်အသစ်လဲလှယ်နိုင်သည့် အစီ အစဉ်သည် ဆက်လက်အသက်ဝင်နေသဖြင့် အိမ်သုံးပစ္စည်းများနှင့် ရုပ်မြင်သံကြားစက်၊ ပရိ ဘောဂ၊ မော်တော်ကားနှင့် ဆောက်လုပ်ရေးနှင့် အလှဆင်ပစ္စည်းမျာ၏ လက်လီရောင်းချမှုများ သည် (၂၂.၂)ရာခိုင်နှုန်း၊ (၁၀.၅)ရာခိုင်နှုန်း၊ (၆.၆)ရာခိုင်နှုန်းနှင့် (၂.၉)ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုဆိုင်ရာအညွှန်းကိန်းသည် နိုဝင်ဘာလတွင် တစ်နှစ်ထက် တစ်နှစ် (၆.၁)ရာခိုင်နှုန်း တိုးလာကြောင်း NBS ၏ အချက်အလက်များအရ သိရှိရပြီး အချက် အလက်များကို ထပ်မံခွဲခြားကြည့်ပါက သတင်းအချက်အလက် ပေးပို့မှု၊ ဆော့ဖ်ဝဲလ်နှင့် အိုင်တီ ဝန်ဆောင်မှုဆိုင်ရာ အညွှန်းကိန်းခွဲများသည် တစ်နှစ်ထက်တစ်နှစ် (၉.၃)ရာခိုင်နှုန်း တိုးတက် ကြောင်း သိရှိရသည်။ ငှားရမ်းမှုနှင့် စီးပွားရေးလုပ်ငန်းဝန်ဆောင်မှုများတွင် (၉.၃)ရာခိုင်နှုန်း တိုးလာကာ ငွေကြေးဝန်ဆောင်မှုကဏ္ဍတွင် (၈.၈)ရာခိုင်နှုန်း တိုးလာခြင်းဖြစ်ကြောင်း သိရှိရ သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် ဆက်လက်မြင့်တက်နေကြောင်းနှင့် ပထမ (၁၁)လတွင် နည်းပညာမြင့် ကုန်ထုတ်လုပ်ငန်း၏ ထုတ်လုပ်မှုသည် တစ်နှစ်ထက်တစ်နှစ် (၉) ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလတစ်လတည်း၌ တရုတ်နိုင်ငံ၏ စွမ်းအင်သစ်မော်တော်ယာဉ်၊ စက်မှုလုပ်ငန်း သုံးစက်ရုံးများနှင့် ဆားကစ်ပြားများထုတ်လုပ်မှုသည် တစ်နှစ်ထက်တစ်နှစ် (၅၁.၁)ရာခိုင်နှုန်း၊ (၂၉.၃)ရာခိုင်နှုန်းနှင့် (၈.၇)ရာခိုင်နှုန်း အသီးသီးမြင့်တက်လာခဲ့ပြီး နိုင်ငံ၏ ပတ်ဝန်းကျင်ထိခိုင်မှု မရှိသောအသွင်ကူးပြောင်းမှုကို အထောက်အကူဖြစ်စေခဲ့ကြောင်း သိရှိရသည်။

သို့သော်လည်း နိုင်ငံတကာပတ်ဝန်းကျင်သည် ရှုပ်ထွေးပြီး စိန်ခေါ်မှုများရှိနေသေး ကြောင်း၊ လာမည့်အဆင့်တွင် ပြန်လည်နာလန်ထူမှုကို မြှင့်တင်ရန်၊ ဖွဲ့စည်းပုံကို ပိုမိုကောင်းမွန် စေရေးဆောင်ရွက်ရန်နှင့် အရည်အသွေးမြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် မူဝါဒအမျိုးမျိုးကို လုံလုံလောက်လောက်နှင့် ထိထိရောက်ရောက် အကောင်အထည်ဖော်ရမည် ဖြစ်ကြောင်းလည်း Fu က ပြောကြားခဲ့သည်ဟု သိရှိရသည်။

၁၆-၁၂-၂၀၂၄ ရက်နေ့တွင် တရုတ်အစိုးရသည် နိုင်ငံ၏လက်လီရောင်းချမှုလုပ်ငန်းကို လာမည့်ငါးနှစ်အတွင်း ခေတ်မီစေရေးဆောင်ရွက်မည့် အစီအမံများကို အလေးပေးဖော်ပြသည့် စာတမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး အရည်အသွေးမြင့်မားသည့်ဝန်ဆောင်မှုများကို ပေးနိုင်သော ခေတ်မီလက်လီရောင်းချမှုစနစ်တစ်ရပ်ကို စတင်ဖွဲ့စည်းသွားရန်နှင့် ၂၀၂၉ ခုနှစ်၌ စမတ်ကျ၍ အဆင်ပြေပြီး စိမ်းလန်းသောစနစ်ဖြစ်လာစေရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။

 

Source: https://english.news.cn/20241216/a09cee20a7eb4407af8e9844513b205c/c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

Category: International News