International News

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းပြည်နယ်ဖြစ်သည့် Thanh Hoá တွင် အထည်ချုပ်ကုန်ကြမ်း စက်ရုံဖွင့်လှစ်

Last Updated:

အထည်အလိပ်နှင့် အထည်ချုပ်ကဏ္ဍအတွက် ကုန်ကြမ်းထုတ်လုပ်သည့် စက်ရုံတစ်ရုံအား ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အလယ်ပိုင်းပြည်နယ် Thanh Hoá တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါသည်။

Bỉm Sơn စက်မှုဥယျာဉ်သည် စတုရန်းမီတာ ၁၂၀,၀၀၀ ကျယ်ဝန်းပြီး စက်ရုံသည်ပထမအဆင့်တွင် အလုပ်အကိုင်ပေါင်း ၁,၅၀၀ ကျော် ဖန်တီးပေးနိုင်ပြီး နှစ်စဉ်ကုန်ပစ္စည်း ထွက်ရှိမှု ခန့်မှန်း ခြေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့်ရှိနိုင်ကြောင်း congthuong.vn က ဖော်ပြခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် Thanh Hoá ပြည်သူ့ကော်မတီဒုတိယဥက္ကဋ္ဌ Mr. Nguyen Van Thi က အဖွင့်အမှာစကားပြောကြားရာတွင် စက်ရုံအနေဖြင့် ပြည်နယ်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်ဖန်တီးပေးမည့် စက်ရုံဖြစ်ကြောင်း ချီးကျူးစကားပြောကြားခဲ့သည်။

ပြည်တွင်းအထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန်၊ တင်သွင်းကုန်ကြမ်းများအပေါ် မှီခိုအားထားမှု လျှော့ချရန်နှင့် ထုတ်လုပ်မှုတိုးမြှင့်ရေး အစပြုမှုတို့ကို ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဗီယက်နမ်အထည်အလိပ်နှင့် အထည်အလိပ်အသင်းဥက္ကဋ္ဌ Vũ Đức Giang က သဘောတူ ကြောင်းနှင့် စက်ရုံစတင်ဖွင့်လှစ်ခြင်းသည် ဒေသတွင်း အထည်ချုပ်လုပ်ငန်းများအတွက် ကုန် ကြမ်းပစ္စည်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည်ဖြစ်ပြီး ပြည်တွင်းအထည်ချုပ်လုပ်ငန်းများအတွက် သယ်ယူပို့ဆောင်စရိတ်များကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ အထွေထွေစာရင်းအင်းရုံး၏ ကိန်းဂဏန်းများအရ ဗီယက်နမ်သည် အထည် အလိပ်နှင့် အထည်ချုပ်ထုတ်ကုန်များ တင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာ ၅.၂ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရှိရပါသည်။

ယခင်နှစ်က အထည်ချုပ်နှင့် အထည်အလိပ် ပို့ကုန်တန်ဖိုးမှာ နှစ်စဉ် ၁၀ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၄.၄ ဘီလီယံအထိ ရှိကြောင်း ဖော်ပြထားပါသည်။

 

Source: Viet Nam News

 (စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News