International News

ဗီယက်နမ်နိုင်ငံတွင် ဓါတ်ဆီဈေးတစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၇၀၀ ကျော်မြင့်တက်

Last Updated:

ဗီယက်နမ်နိုင်ငံစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏နောက်ဆုံးညှိနှိုင်းမှုအပြီး မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီမှ စတင်ကာ ဓာတ်ဆီတစ်လီတာလျှင် ၇၀၀ ကျော် ဈေးနှုန်းသို့ ပြန်လည်ပြင်ဆင်ခဲ့ကြောင်း သိရှိရပါသည်။

ဓါတ်ဆီ 92 ၏ လက်လီဈေးသည် တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၇၂၉ မြင့်တက်ကာ ၂၃၂၁၉ ဈေးနှုန်းဖြင့် ရောင်းချခဲ့ပြီး 95 သည် တစ်လီတာလျှင် ၂၄၂၈၄ ဒေါင်ဖြင့် ရောင်းချခဲ့ပြီး ၇၄၂ ဒေါင် မြင့်တက်ခဲ့သည်။

ဒီဇယ်စျေးနှုန်းများမှာ တစ်လီတာလျှင် ဗီယက်နမ်ဒေါင်၂၁၀၁၄ ဒေါင်ဖြင့် ရောင်းချပြီး ၄၆၉ ဒေါင်တက်ကာ ရေနံဆီဈေးနှုန်းမှာ တစ်လီတာလျှင် ၂၁၂၆၆ ဒေါင်ဖြင့် ရောင်းချပြီး ၅၆၀ဒေါင် တက်လာခဲ့သည်။

အဆိုပါ စျေးနှုန်းညှိနှိုင်းမှုကာလအတွင်း စက်သုံးဆီဈေးနှုန်း တည်ငြိမ်ရေးရန်ပုံငွေကို ဝန်ကြီး ဌာနများက အသုံးမပြုရန် ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

 

 

Source: Viet Nam News

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News