International News

ကမ္ဘာ့စီးပွားရေးတိုးနှုန်းအမြင့်ဘက်သို့ ရောက်ရှိနေသော်လည်း အမေရိကန်နိုင်ငံ၏ စီးပွားရေး တိုးတက်နှုန်း နှေးကွေးလျက်ရှိ

Last Updated:

ကမ္ဘာ့စီးပွားရေးတိုးတက်နှုန်း အမြင့်ဘက်သို့ ရောက်ရှိနေသော်လည်း အမေရိကန်နိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်း နှေးကွေးလျက်ရှိကြောင်း Wall Street Journal အွန်လိုင်းသတင်းတွင် ၂၃-၄-၂၀၂၄ ရက်၌ “World Primed for More Balanced Growth as U.S. Cools, Peers Pick Up Pace” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍသည် အခြားစီးပွားရေးအင်အားကြီးသည့် နိုင်ငံများကဲ့သို့ တိုးတက်လာခြင်းမရှိဘဲ ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် နှေးကွေးခဲ့ကြောင်း၊ အရောင်းအဝယ်နှင့် ပတ်သက်သည့် လေ့လာမှုစစ်တမ်းများအရ အမေရိကန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများသည် ဒုတိယသုံးလ ပတ်အတွင်း၌ နှေးကွေးလာခဲ့ကြောင်း၊ သို့ရာတွင် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများဖြစ်သည့် ဥရောပသမဂ္ဂရှိ ဂျာမနီနိုင်ငံ၏ စီးပွားရေးသည် တစ်နှစ်တာအတွင်း ပထမဆုံးအကြိမ် တိုးတက်လာခဲ့ပြီး ဂျပန်၊ အိန္ဒိယနှင့် ဩစတြေးလျနိုင်ငံတို့မှာလည်း တိုးတက်လာခဲ့ကြောင်း၊ S&P ၏ လေ့လာမှုစစ်တမ်းအရ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍရှိ အမေရိကန်နိုင်ငံ၏ Composite Purchasing Manager Index မှာ ၂၀၂၄ ခုနှစ်၊ မတ်လ၌ (၅၂.၁) ရှိရာမှ ဧပြီလတွင် (၅၀.၉) သို့ ကျဆင်းခဲ့ကြောင်း၊ ယင်းစစ်တမ်းအရ အမေရိကန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းအသစ်များသည် (၆) လအတွင်း ပထမအကြိမ်ဝင်ငွေကျဆင်းခဲ့ကြပြီး ကုန်ထုတ်လုပ်မှု မျှော်မှန်းချက်မှာလည်း နောက် (၅) လအတွင်း ကျဆင်းနိုင်သဖြင့် အမေရိကန်နိုင်ငံ၏ စီးပွား ရေးသည့် လမည့်လများတွင် ဆက်လက်နှေးကွေးနိုင်ကြောင်း၊ JP Morgan မှ စီးပွားရေး ပညာရှင်များကလည်း အမေရိကန်နိုင်ငံ၏ စီးပွားရေးသည် ပထမသုံးလပတ်တွင် (၂.၃) ရာခိုင် နှုန်း တိုးတက်ခဲ့သော်လည်း ဒုတိယသုံးလပတ်တွင် (၁.၅) ရာခိုင်နှုန်းသာ တိုးလာနိုင်သည်ဟု ခန့်မှန်းကြကြောင်း သိရသည်။

 

 

Source: https://www.wsj.com/economy/global/eurozone-rebound-lags-u-s-growth-as-divergence-takes-hold-537b0ac6?mod=economy_lead_pos4

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

 

Category: International News