International News

ဟောင်ကောင်ဒေသ၏ ၂၀၂၄ ခုနှစ် မတ်လမှ မေလအတွင်း အလုပ်လက်မဲ့စာရင်းဇယား ထုတ်ပြန်

Last Updated:

၂၀၂၄ ခုနှစ် မတ်လမှ မေလအတွင်း ဟောင်ကောင်ဒေသ၏ ပျမ်းမျှအလုပ်လက်မဲ့နှုန်း ထားသည် ဖေဖော်ဝါရီလမှ ဧပြီလနှုန်းထားအတိုင်း ၃.၀ ရာခိုင်နှုန်းတွင် ရပ်တည်နေခဲ့ကြောင်း ဇွန်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ဟောင်ကောင်ဒေသအစိုးရ၊ သန်းခေါင်စာရင်းနှင့် စာရင်း အင်းဌာနမှ ထုတ်ပြန်သည့် စာရင်းဇယားများတွင် ဖော်ပြထားပါသည်။ ရရာအလုပ် လုပ်ကိုင်မှုနှုန်းမှာ ၁.၂ ရာခိုင်နှုန်း ရှိခဲ့သောကြောင့်  ၁.၁ ရာခိုင်နှုန်းရှိခဲ့သည့် ဖေဖော်ဝါရီလမှ ဧပြီလနှုန်းထားထက် မြင့်တက်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဖေဖော်ဝါရီလမှ ဧပြီလအတွင်းဖြစ်ပေါ်ခဲ့သည့် စာရင်းဇယားများနှင့် နှိုင်းယှဉ်ပါကမတ်မှ ဧပြီလအတွင်း လုပ်ငန်းကဏ္ဍအလိုက်၌ အလုပ်လက်မဲ့နှုန်းထား အမျိုးမျိုးရှိခဲ့သော်လည်း သိသိ သာသာ ကွဲပြားမှုမရှိခဲ့ကြောင်း၊ အလှဆင်သည့်လုပ်ငန်း၊ အဆောက်အဦ ပြင်ဆင်ထိန်းသိမ်းသည့် လုပ်ငန်းကဏ္ဍ၊ သန့်ရှင်းရေးနှင့် အလားတူလုပ်ငန်းများ၊ အနုပညာ၊ ဖျော်ဖြေမှုနှင့် အပမ်းဖြေ လုပ်ငန်းများတွင် သိသိသာသာ မြင့်တက်လာခြင်းကြောင့် ရရာအလုပ်လုပ်ကိုင်သည့်နှုန်း ထား မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

မတ်လမှ မေလအတွင်း အလုပ်အကိုင်ခန့်ထားမှုအနေဖြင့် ဖေဖော်ဝါရီလမှ ဧပြီလအတွင်း၌ ခန့်ထားခဲ့သည့်ပမာဏထက် ၂၈၀၀ ခန့် တိုးတက်ခဲ့ပြီး စုစုပေါင်း ၃၆၉၄၁၀၀ ခန့် ရှိခဲ့ကြောင်း နှင့် လုပ်သားဦးရေအနေဖြင့်လည်း ၅၃၀၀ တိုးတက်ခဲ့ကာ စုစုပေါင်း လုပ်သားဦးရေ ၃,၈၁၃,၁၀၀ ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၏ ပျမ်းမျှအလုပ်လက်မဲ့နှုန်းထားမှာ ယခင်အတိုင်း မပြောင်းလဲဘဲ နှုန်း ထားနိမ့်နေဆဲဖြစ်ကြောင်း၊ ရရာအလုပ်လုပ်ကိုင်မှုအနေဖြင့်လည်း ၀.၁ ရာခိုင်နှုန်းသာမြင့်တက်ခဲ့ခြင်းကြောင့် ဒေသ၏ အလုပ်လက်မဲ့နှုန်း နိမ့်ကျနေဆဲဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် မတ်လမှ မေလအတွင်း လုပ်ငန်းကဏ္ဍအလိုက်ရှိခဲ့သည့် အလုပ်လက်မဲ့နှုန်းထားမှာလည်း ယေဘုယျ အားဖြင့် နှုန်းထားနိမ့်နေဖြစ်ကြောင်း အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီး Mr Chris Sun  က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

စီးပွားရေးတိုးတက်နေမှုကြောင့် လတ်တလောကာလအတွင်းဟောင်ကောင်ဒေသ၏ လုပ်သားဈေးကွက်၌ အကြပ်အတည်းနှင့် ဆက်လက်ရင်ဆိုင်နေရဖွယ်ရှိကြောင်း၊ မတ်လမှ မေလအတွင်း ပုဂ္ဂလိကကဏ္ဍ အသီးသီး၌ လအလိုက် ပျမ်းမျှ လစ်လပ်အင်အား ၇၇၆၉၂ နေရာ ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ်အလား တူကာလထက် ၂၆.၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News