ဘရာဇီးနိုင်ငံ Sao Paulo မြို့၏ လူစည်ကားသော လမ်းများပေါ်တွင် သမားရိုးကျ လောင်စာဆီသုံးအင်ဂျင်ကားများ၏ အသံအစား စွမ်းအင်သစ်ကားများ၏ တိတ်ဆိတ်မှုက အစားထိုးနေရာယူလာကြောင်းနှင့် ထိုသို့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိသောအသွင်ကူးပြောင်းခြင်းကို တရုတ်နိုင်ငံမှ ထုတ်လုပ်သော စွမ်းအင်သစ်မော်တော်ယာဉ်များ(NEV)များက ဦးဆောင် လျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံထုတ် NEV များ၏ အဆင့်မြင့်နည်းပညာနှင့် စျေးနှုန်းသက်သာမှုများကြောင့် မကြာသေးမီနှစ်များအတွင်း ဘရာဇီးနှင့် အခြားလက်တင်အမေရိကနိုင်ငံများ၌ တရုတ်နိုင်ငံ၏ မော်တော်ကားထုတ်လုပ်သူများသည် စျေးကွက်ဝေစု လျင်မြန်စွာရရှိလာကြောင်း သိရသည်။
China Passenger Car Association မှ အချက်အလက်များအရ ဘရာဇီးလ်သို့ တရုတ် နိုင်ငံ၏ NEV တင်ပို့မှုသည် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ မော်တော်ယာဉ်အစီးရေ (၁၄၀,၄၁၂)ရှိခဲ့ပြီး ထိပ်တန်းစျေးကွက်များထဲတွင် ဒုတိယနေရာတွင် ရှိနေကြောင်း သိရသည်။
ဘရာဇီးနိုင်ငံ၏အမျိုးသားမော်တော်ယာဉ်ဖြန့်ဖြူးရေးအသင်းချုပ်(Fenabrave)၏ အချက် အလက်များအရ တရုတ်မော်တော်ကားထုတ်လုပ်သူ BYD သည် ယခုနှစ်၊ ပထမ(၉)လအတွင်း ဘရာဇီးလ်နိုင်ငံ၌ NEV အစီးရေ (၅၀,၀၀၀)ကျော် ရောင်းချခဲ့ရကြောင်း သိရသည်။
BYD သည် ဘရာဇီးလ်နိုင်ငံ၏ လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ်ကဏ္ဍတွင် အသာစီးရနေသည့်လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်ခဲ့ပြီး စျေးကွက်ဝေစု၏ (၇၃)ရာခိုင်နှုန်းကို ပိုင်ဆိုင်ထား ကြောင်း သိရသည်။
တရုတ် NEV ထုတ်လုပ်သူများသည် တိုးတက်ပြောင်းလဲနေသော စျေးကွက်လိုအပ်ချက် များကို တုံ့ပြန်ရာတွင် လျင်မြန်မှုရှိကြောင်းနှင့် ၎င်းတို့၏ ထုတ်ကုန်အမျိုးအစားများကို အဆက်မပြတ် တိုးချဲ့လျက်ရှိပြီး အက်ပ်လီကေးရှင်းအမျိုးမျိုးဖြင့် သုံးစွဲသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ကြောင်း Zhang မှ ပြောကြားခဲ့သည်ဟု သိရသည်။
ဘရာဇီးလ်အပြင် မက္ကဆီကိုနိုင်ငံ၌လည်း တရုတ်နိုင်ငံထုတ် NEVs များကို လက်ခံသုံးစွဲမှု နှင့် ဝယ်လိုအားများ မြင့်တက်လာကြောင်း၊ မက္ကဆီကိုသည် ယခုနှစ်၊ ပထမ(၉)လအတွင်း တရုတ် NEV များကို ကမ္ဘာတစ်ဝန်းတွင် ဆဋ္ဌမမြောက် အများဆုံးတင်သွင်းသူဖြစ်လာပြီး အစီးရေ (၆၄,၇၄၆) ရှိခဲ့ကြောင်း China Passenger Car Association ၏ အချက်အလက်များအရ သိရှိရသည်။
NEV များကို အစိုးရများ သာမက ဝယ်သူများကပါ စိတ်ဝင်စားမှု မြင့်တက်လာကြောင်း၊ လက်တင်အမေရိကတစ်ဝန်း၌ မက်လုံးပေးခြင်းနှင့် အခြေခံအဆောက်အဦပိုင်း၌ ရင်းနှီးမြှုပ်နှံမှု များမှတစ်ဆင့် NEV စျေးကွက်ကြီးထွားလာမှုကို အထောက်အကူဖြစ်စေရန်အတွက် မူဝါဒချမှတ်သူများက ကြိုးပမ်းနေသည်ကို မြင်တွေ့နေရကြောင်းနှင့် ဒေသတွင်း၌ NEV များကို လက်ခံသုံး စွဲရန်အတွက် ကောင်းမွန်သောပတ်ဝန်းကျင်ကို ဖန်တီးပေးလျက်ရှိကြောင်း တရုတ်နိုင်ငံတကာ ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအကယ်ဒမီမှ သုတေသီ Bai Ming က ပြောကြားခဲ့ကြောင်း သိရသည်။
Source: https://www.chinadaily.com.cn/a/202411/20/WS673d204ea310f1265a1ce77b.html
(စီးပွားရေးသံမှူး၊ နန်နင်းမြို့)