International News

အသေးစားနှင့်အလတ်စားလုပ်ငန်းများ ငွေကြေးအာမခံမှုအစီအစဉ် တိုးမြှင့်ခြင်း စတင်

Last Updated:

ဟောင်ကောင်ဒေသအုပ်ချုပ်ရေးမှူးချုပ်၏ ၂၀၂၄ ခုနှစ် မူဝါဒဆိုင်ရာ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည့် အသေးစားနှင့်အလတ်စားလုပ်ငန်းများ ချေးငွေအာမခံအစီအစဉ် (SFGS) တိုးမြှင့် ခြင်းကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်နေ့တွင် စတင်ခဲ့ကြောင်း Hong Kong Mortgage Corporation Limited မှ ထုတ်ပြန်ကြေညာကြောင်း ဟောင်ကောင်ဒေသ ငွေကြေးအာဏာပိုင်အဖွဲ့၏ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် “SME Financing Guarantee Scheme Enhancements to Take Effect” ခေါင်းစဉ်ဖြင့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

အသေးစားနှင့်အလတ်စားလုပ်ငန်းများ ချေးငွေအာမခံအစီအစဉ် (SFGS) သည် အသေးစား နှင့် အလတ်စားလုပ်ငန်းများနှင့် ဟောင်ကောင်ဒေသ စတော့ဈေးကွက်တွင် စာရင်းသွင်းပါဝင်ခြင်းမရှိသည့် လုပ်ငန်းများ ချေးငွေရရှိနိုင်ရန်အတွက် အကူအညီပေးရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သည့် အစီအစဉ်ဖြစ်ပါသည်။

ယခုတိုးမြှင့်မှုကြောင့် SFGS အစီအစဉ်အရ ချေးငွေရယူသည့် လုပ်ငန်းများအနေဖြင့် လက်ရှိ ရယူထားသည့် ချေးငွေနှင့် ချေးငွေအသစ်များအတွက် ငွေရင်းပြန်လည်ပေးဆပ်ရမည့် ကာလကို ၁၂ အထိ ဆိုင်းငံ့ထားနိုင်မည်ဖြစ်ပါသည်။ ချေးငွေလျှောက်ထားနိုင်မည့် ကာလမှာ တစ်နှစ် (၂၀၂၅ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ) ဖြစ်ပါသည်။ ထို့ပြင် 80% and 90% Guarantee Products များအတွက် ချေးငွေအာမခံသက်တမ်းများကို သုံးနှစ်တိုးမြှင့်ပေးခြင်းကြောင့် သက်တမ်းကာလ ၁၀ နှစ် နှင့် ၈ နှစ် အသီးသီးရရှိမည်ဖြစ်ပါသည်။ ယခုစတင်သည့် အစီအစဉ်သည် ချေးငွေရယူထားသည့် လုပ်ငန်းများအတွက် ငွေရင်းပြန်လည်ပေးဆပ်ရမည့် ဖိအားလျော့ကျစေပြီး စီးပွားရေးပုံစံပြောင်းလဲခြင်းကြောင့် ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ် ထားကြောင်း ရေးသားဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ဟောင်ကောင်မြို့

Category: International News