International News

ထိုင်းနိုင်ငံ၏ Soft Power ၏ တွန်းအားအဖြစ် ဇာတ်လမ်းငယ်များသည် အရေးပါသော သော့ချက်ဖြစ်

Last Updated:

ထိုင်းလုပ်ငန်းရှင်များအား ဇာတ်လမ်းငယ်များကို ကမ္ဘာ့ဈေးကွက်၏ ယဉ်ကျေးမှု၊ ရိုးရာနှင့် ခရီးသွားလုပ်ငန်းနယ်ပယ်တွင် နိုင်ငံ၏ Soft Power မြှင့်တင်ရာ၌ အသုံးပြုရန် ထောက်ခံလိုကြောင်း၊ Y-Yuri ဇာတ်လမ်းတွဲများမှတစ်ဆင့် ပြည်တွင်းထုတ်ကုန်များ အရောင်းမြှင့်တင်ရေးနှင့် အစိုးရ၏ အထောက်အပံ့ပေးမှုကို ဝန်ကြီးချုပ်အား တင်ပြမည့် သရုပ်ဆောင်အဖွဲ့တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai က ဦးဆောင်ခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ၏ နာမည်ကြီးသရုပ်ဆောင်များဖြင့် ရိုက်ကူးသည့် ရုပ်ရှင်ကို နိုင်ငံ၏မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် ရိုက်ကူးခဲ့ပြီး အဝတ်အထည်များ၊ အစားအစာနှင့် ခရီးသွားဆွဲဆောင်မှုများ စသည့် ဒေသယဉ်ကျေးမှုကို ပြသစေရုံသာမက ဒေသထွက်ကုန်များကိုလည်း ထည့်သွင်းရိုက်ကူး စေကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း Y ဇာတ်လမ်းတွဲ၏ ဈေးကွက်တန်ဖိုးသည် ဘတ် ၁ ဘီလီယံထိ တိုးတက်ခဲ့ပါကြောင်း၊ ဇာတ်လမ်းတွဲများတွင် ပြသခဲ့သည့် ဒေသထွက်ကုန်များနှင့် ဝန်ဆောင်မှုများ၏ ဝယ်လိုအားကို သွယ်ဝိုက်သောနည်းဖြင့် လှုံ့ဆော်ပေးကြောင်း သိရှိရပါသည်။

ပြည်ပနိုင်ငံများရှိ စီးပွားရေးသံမှူးများကိုလည်း အခြေစိုက်ရာနိုင်ငံများတွင် ထိုင်းပို့ကုန်များအတွက် အခွင့်အလမ်းများ ရှာဖွေပေးရန် လမ်းညွှန်မှာကြားထားပါကြောင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Phusit Ratanakul Sereroengrit က ဖြည့် စွက်ပြောကြားခဲ့သည်။

ဇာတ်လမ်းငယ်များကို အသုံးပြုခြင်းဖြင့် တရုတ်ဈေးကွက်သို့ ထိုးဖောက်နိုင်သည့် အခွင့်အလမ်းများရှိကြောင်း၊ တရုတ်နိုင်ငံ၏ အွန်လိုင်း ဇာတ်လမ်းငယ် ဈေးကွက်သည် လာမည့် နှစ်အနည်းငယ်အတွင်း ကြံ့ခိုင်လာမည်ဟု ခန့်မှန်းမိပါကြောင်း တရုတ်နိုင်ငံ၊ ရှီမန် (Xiamen) ကုန်သွယ်ရေးစင် တာ ညွှန်ကြား‌ရေးမှူး Ms. Nunnaphas Ngamman က သုံးသပ်ပြောကြားပါသည်။

၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံရှိ ဇာတ်လမ်းငယ်ဈေးကွက်သည် ယွမ် ၃၇.၄ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ၂၀၂၇ ခုနှစ်တွင် ယွမ် ၁၀၀ ဘီလီယံနီးပါးထိ ရောက်ရှိရန် ခန့်မှန်းထားကြောင်း သိရှိရပါ သည်။

ထိုင်းနိုင်ငံသည် Soft Power အသုံးပြု၍ နိုင်ငံ၏ ထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် အခွင့်အလမ်းများ ရရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်ရပါသည်။

 

 

 

 

 Source: www.bangkok.com

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News