International News

ဗီယက်နမ်၏ Musang King ဒူးရင်းဈေးသည် ၆ လအတွင်း နှစ်ဆတက်လာ

Last Updated:

ဗီယက်နမ်နိုင်ငံရှိ Musang King ဒူးရင်းဈေးသည် ရိတ်သိမ်းရာသီစတင်ချိန်တွင် တစ်ကီလို လျှင် ဗီယက်နမ်ဒေါင် ၄၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၆.၁၀) ဝန်းကျင်သို့ နှစ်ဆ တက်သွားခဲ့ ကြောင်း၊ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် အရည်အသွေး အမြင့်ဆုံး သစ်သီးများအတွက် ကုန်သည်များအနေဖြင့် ဗီယက်နမ်ဒေါင် ၃၈၀,၀၀၀ မှ ၄၃၀,၀၀၀ ပေးရကြောင်း သိရှိရပါသည်။

စျေးနှုန်းများသည် အောက်တိုဘာလတွင် သိသိသာသာ ကျဆင်းမှုမှ ပြန်လည်ကောင်းမွန်လာကြောင်း သိရှိရပါသည်။ ကုန်သည်တစ်ဦးဖြစ်သူ Thu Hai ပြောကြားချက်အရ ရိတ်သိမ်းရာသီစတင်ခဲ့ပြီး ပို့ကုန်ဝယ်လိုအား များနေသော်လည်း ရောင်းလိုအားနည်းပါးကြောင်း ပြောကြားခဲ့သည်။

ဝယ်ယူသူအများအပြား ဝယ်ယူရန် မျှော်လင့်နေသည့်အရည်အသွေး အမြင့်ဆုံး အသီးအနှံများကို လာမည့်ရက်သတ္တပတ်များအတွင်း ရရှိမည်ဟု မျှော်လင့်ရကြောင်း၊ ရုရှား၊ အမေရိကန်၊ ဂျာမနီနှင့် ဒူဘိုင်းရှိ စားသုံးသူအများအပြားသည် ဗီယက်နမ်မှ Musang King ဒူးရင်းကို ဝယ်ယူရန် ရှာဖွေနေကြောင်းဖြင့် ကုန်သည်တစ်ဦးဖြစ်သူ Dang Manh Khuong က ပြောကြားခဲ့သည်ဟုဖော်ပြထားသည်။

သီးနှံများ အထွက်နှုန်း ကျဆင်းခြင်းနှင့် ရာသီဥတု ဖောက်ပြန်ခြင်းတို့ကြောင့် အချို့သော တောင်သူလယ်သမားများသည် မကြာသေးမီလများအတွင်း အသီးအနှံများ စိုက်ပျိုးခြင်းကို ရပ် ဆိုင်းထားကြကြောင်း၊ မလေးရှားနိုင်ငံရှိ မျိုးကောင်းမျိုးသန့် Musang King သည် ဗီယက်နမ်တွင် စိုက်ပျိုးရေးကျွမ်းကျင်မှု မြင့်မားရန် လိုအပ်သောကြောင့် စိုက်ပျိုးရန် ခက်ခဲကြောင်း ဗီယက်နမ် စိုက်ပျိုးရေးအသင်းအဆိုအရ သိရှိရပါသည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ ပြောကြားချက်အရ ဗီယက် နမ်နိုင်ငံသည် ယခင်နှစ်က ဒူးရင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံရှိခဲ့ပြီး ၂၀၂၂ ခုနှစ်ထက် ၄.၈ ဆတိုးလာကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံသည် စုစုပေါင်းတင်ပို့မှု၏ ၉၁ ရာခိုင် နှုန်း ဝယ်ယူခဲ့ကြောင်း ဖော်ပြထားပါသည်။

 

 

Source: VN Express International

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

 

Category: International News