International News

တရုတ်နိုင်ငံတွင် တပ်ဆင်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် နေရောင်ခြည်စွမ်းအင် အသုံးပြုမှု မြှင့်တက်လာ

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တပ်ဆင်ပြီး ဓာတ်အားထုတ်လုပ်မှု (Installed power generation) အနေဖြင့် ၂၀၂၄ ခုနှစ် မတ်လကုန်တွင် ကီလိုဝပ် ၂ ဒဿမ ၉၉ ဘီလီယံအထိ တစ်နှစ် ထက်တစ်နှစ် ၁၄ ဒဿမ ၅ ရာခိုင်နှုန်း မြှင့်တက်လာခဲ့ကြောင်း အမျိုးသားစွမ်းအင်စီမံခန့်ခွဲရေးအဖွဲ့၏ ထုတ်ပြန်သည့် အချက်အလက်များအရ သိရှိရသည်။ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်မှုတွင် တစ်နှစ်ထက်တစ်နှစ် ၅၅ ရာခိုင်နှုန်း ကီလိုဝပ် သန်း ၆၆၀ အထိ တိုးလာပြီး လေအားသုံး ဓာတ်အားထုတ်လုပ်မှုတွင် ၂၁ ဒဿမ ၅ ရာခိုင်နှုန်း ကီလိုဝပ် သန်း ၄၆၀ ခန့်အထိ တိုးလာကြောင်း ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းရှိ အဓိက ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများသည် ယခုနှစ် ပထမသုံးလပတ်တွင် ယွမ် ၁၃၆ ဒဿမ ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၈ ဒဿမ ၈၄ ဘီလီယံ) ရှိပြီး ဓာတ်အားလိုင်းစီမံကိန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် ယွမ် ၇၆ ဒဿမ ၆ ဘီလီယံရှိသဖြင့် ယခင်နှစ်ထက် ၇ ဒဿမ ၇ ရာခိုင်နှုန်း မြှင့်တက်လာခဲ့သည်။ နိုင်ငံစီပွားရေးလုပ်ဆောင်မှု၏ အဓိကယန္တယားတစ်ခုဖြစ်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင် အားကောင်းလာသဖြင့် တစ်နှစ်ထက်တစ်နှစ် ၉ ဒဿမ ၈ ရာခိုင်နှုန်း တစ်နာရီလျှင် ကီလိုဝပ် ၂ ဒဿမ ၃၄ ထရီလီယံပတ်ဝန်းကျင်အထိ မြှင့်တက်လာခဲ့သည်။ အခြေခံစက်မှုလုပ်ငန်းများနှင့် အလတ်စားစက်မှုလုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် တစ်နှစ်ထက်တစ်နှစ် ၉ ဒဿမ ၇ ရာခိုင်နှုန်းနှင့် ၈ ရာခိုင်နှုန်း အသီးသီးမြှင့်တက်လာခဲ့ပြီး အဆင့်မြှင့် စက်မှုလုပ်ငန်းများ၌ ဓာတ်အားသုံးစွဲမှုသည် တစ်နှစ်ထက်တစ်နှစ် ၁၄ ဒဿမ ၃ ရာခိုင်နှုန်း မြှင့်တက်လာကြောင်း သိရသည်။ အလားတူ တရုတ်နိုင်ငံ၏ အိမ်သုံးလျှပ်စစ်ဓာတ်အား သုံးစွဲမှုသည်လည်း ယခင်နှစ် အလားတူကာလထက် ၁၂ ရာခိုင်းနှုန်း တိုးလာကြောင်း အချက်အလက်များအရ သိရသည်။

တရုတ်နိုင်ငံတွင် တပ်ဆင်ပြီး ဓာတ်အားထုတ်လုပ်မှုနှင့် နေရောင်ခြည်စွမ်းအင် အသုံးပြုမှု မြှင့်တက်လာသဖြင့် လျှပ်စစ်ဓာတ်အားဖူလုံရေးအတွက် တစ်နှစ်ထက်တစ်နှစ် လိုအပ်ချက်ပေါ် မူတည်၍ ဖြည့်ဆည်းဖော်ဆောင်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

 

 

အရင်းမြစ်။ http://www.chinadaily.com.cn/a/202404/22/WS6626697da 31082fc043c350d. html

လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News