International News

ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံ၏ အထွေထွေပြည်သူ့ဘဏ္ဍာရေး အသုံးစရိတ်သည် ယွမ် ၇ ထရီလီယံ နီးပါးရှိလာခဲ့

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထွေထွေပြည်သူ့ဘဏ္ဍာရေးအသုံးစရိတ်သည် ၂၀၂၄ ခုနှစ် ပထမ သုံးလပတ်အတွင်း ယွမ် ၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၉၈၅ ဘီလီယံ) နီးပါးအထိ ရှိလာခဲ့ပြီး တစ်နှစ်ထက်တစ်နှစ်တိုးလာခဲ့ကြောင်း တနင်္လာနေ့တွင် ကျင်းပပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

စိုက်ပျိုးရေး၊ သစ်တောနှင့် ရေထိန်းသိမ်းမှု အပါအဝင် ကဏ္ဍအသီးသီးတွင် ဘဏ္ဍာရေးအသုံး စရိတ် တိုးတက်မှုနှုန်းမှာ ၁၃ ဒဿမ ၁ ရာခိုင်နှုန်းအထိ ရှိလာသဖြင့် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ မြို့ပြနှင့် ကျေးလက်လူမှုအဖွဲ့အစည်းများနှင့် ဆက်စပ်သည့်ကဏ္ဍများ၌ ဘဏ္ဍာရေးအသုံးစရိတ် တိုးတက်မှုနှုန်းသည် ၁၂ ဒဿမ ၁ ရာခိုင်နှုန်း ရှိလာပြီး အိမ်ယာအာမခံ ဘဏ္ဍာငွေ သုံးစွဲမှုတွင် ၇ ဒဿမ ၈ ရာခိုင်နှုန်း တိုးလာသည်ကို တွေ့ရှိရသည်။ လူမှုဖူလုံရေးနှင့် အလုပ်အကိုင်ရရှိရေး ကဏ္ဍများတွင် ဘဏ္ဍာရေးအသုံးစရိတ်မှာ ၃ ဒဿမ ၇ ရာခိုင်နှုန်း တိုးမြှင့်လာသည်ကို တွေ့ရှိရသကဲ့သို့ ပညာရေးကဏ္ဍများတွင်လည်း ၂ ဒဿမ ၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရားဝင်အချက်အလက်များအရ တရုတ်နိုင်ငံ၏ အထွေထွေပြည်သူ့ဘဏ္ဍာရေး ဝင်ငွေအနေဖြင့် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ယွမ် ၆ ဒဿမ ၀၉ ထရီလီယံသာရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂ ဒဿမ ၃ ရာခိုင်နှုန်း ကျဆင်းလာကြောင်း ဖော်ပြခဲ့သည်။ ယခုနှစ် အစိုးရလုပ်ငန်းအစီအရင်ခံစာတွင် ၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံအနေဖြင့် တက်ကြွသောဘဏ္ဍာရေးမူဝါဒ (Proactive fiscal policy) နှင့် အမြင်ရှိ ငွေကြေးမူဝါဒ (Prudent monetary policy) ကို ဆက်လက်အကောင်အထည်ဖော်သွားရန် ကတိပြု ထားကြောင်း သိရှိရသည်။ 

 

 

အရင်းမြစ်။ http://www.chinadaily.com.cn/a/202404/22/WS6626697da31082fc 043c350d.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊တရုတ်နိုင်ငံ၊ ကူမင်းမြို့)

 

 

Category: International News