International News

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ပြည်ပတွင် သိုလှောင်ရုံများ ဆောက်လုပ်ရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိ

Last Updated:

တရုတ်နိုင်ငံသည် ပြည်ပတွင် ကုန်သိုလှောင်ရုံများ ဆောက်လုပ်ခြင်းနှင့် နယ်စပ်ဖြတ်ကျော်  e-commerce တင်ပို့မှု တိုးချဲ့မည်ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော် e-commerce သည်  တရုတ် နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရန် အရေးပါသည့် တွန်းအားတစ်ခုဖြစ် ကြောင်း၊ လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် e-commerce ကုန်သွယ်မှုသည် ဆယ်ဆကျော် တိုးတက်ခဲ့ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဖြတ်ကျော် e-commerce တင်ပို့မှု တိုးချဲ့ခြင်းနှင့် ပြည်ပသိုလှောင်ရုံ ဆောက်လုပ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ ထုတ်ပြန်ရန် တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Mr. He Yadong က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် e-commerce ကုန်သွယ်မှုသည် ယွမ် ၅၇၇.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၁.၂၃ ဘီလီယံခန့်) ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၉.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ပို့ကုန်ပမာဏသည် ယွမ် ၄၄၈ ဘီလီယံ၊ ၁၄ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံတွင် နယ်စပ်ဖြတ်ကျော် e-commerce လုပ်ငန်းပေါင်း ၁၂၀,၀၀၀ ကျော်နှင့် နယ်စပ်ဖြတ်ကျော် e-commerce စက်မှုဇုန်ပေါင်း ၁,၀၀၀ ကျော်ရှိကြောင်း၊ ပြည်ပသိုလှောင်ရုံ အရေအတွက်မှာ လက်ရှိအချိန်အထိ ၂၅၀၀ ကျော်ရှိပြီး စုစုပေါင်းဧရိယာ စတုရန်းမီတာ သန်း ၃၀ ကျော်ရှိကြောင်းလည်း သိရှိရပါသည်။

 

 

Source: http://en.people.cn/n3/2024/0531/c90000-20176399.html

ဒေါ်သင်းသင်းအောင်၊ စီးပွားရေးသံမှူး၊ ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ       

Category: International News