International News

ဗီယက်နမ်နိုင်ငံမှ စပိန်နိုင်ငံသို့ ကော်ဖီတင်ပို့မှု ၁၀၀ ရာခိုင်နှုန်းတိုးမြှင့်လာ

Last Updated:

စပိန်နိုင်ငံသို့ ဗီယက်နမ်နိုင်ငံမှ ကော်ဖီတင်ပို့မှု တန်ဖိုးသည် ၁၀၀ ရာခိုင်နှုန်းကျော် မြင့်တက်လာကြောင်း ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံခြားကုန်သွယ်မှု အေဂျင်စီ၏ အဆိုအရ သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံသည် ဧပြီလတွင် စပိန်သို့ ကော်ဖီတန်ချိန် ၁၀,၇၄၀ တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၄၂.၆၆ သန်းရရှိခဲ့ကာ တစ်နှစ်ထက်တစ်နှစ် ပမာဏ ၁၈.၇ ရာခိုင်နှုန်းနှင့် တန်ဖိုးအား ဖြင့် ၁၀၂.၈ ရာခိုင်နှုန်း တိုးလာသည်ဟု အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်ကို ကိုးကားဖော်ပြခဲ့သည်။

ယခုနှစ် ပထမလေးလအတွင်း ဗီယက်နမ်မှ စပိန်သို့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၉၃.၁ သန်းတန်ဖိုးရှိပြီး တန်ချိန်အားဖြင့် ၅၅,၃၈၀ ခန့်ရှိခဲ့ကြောင်း ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပမာဏမှာ ၅၃.၇ ရာခိုင်နှုန်းနှင့် တန်ဖိုး ၁၃၆.၆ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း ဖော်ပြထားသည်။

စပိန်ဈေးကွက်သို့ ဗီယက်နမ် ကော်ဖီတင်ပို့မှု ပျမ်းမျှစျေးနှုန်းမှာ ပထမလေးလတွင် တစ်တန်လျှင် ၃,၄၈၇ ဒေါ်လာရှိကြောင်း၊ ယခင်နှစ် အလားတူကာလထက် ၅၃.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အေဂျင်စီမှ ပြောကြားခဲ့ပြီး ဧပြီလတွင် တစ်တန်လျှင် ၃,၉၇၁ ဒေါ်လာဖြင့် ၉.၁ တိုးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

ပြည်တွင်းဈေးကွက်တွင် ရိုဘတ်စတာ ကော်ဖီဈေးနှုန်းသည် တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄) အောက်ကျဆင်းသွားပြီးနောက် ယခုလလယ်တွင် ထပ်မံမြင့်တက်လာခဲ့သည်။ သို့သော်လည်း အလယ်ပိုင်းကုန်းမြင့်များတွင် ရာသီဥတုအခြေ အနေနှင့် ငွေလဲနှုန်းအတက်အကျများကြောင့် ကော်ဖီစျေးနှုန်းများ ပြန်လည်ကောင်းမွန်လာမှုကို ထိန်းထားနိုင်ခဲ့သည်။ မေလ ၂၉ ရက်နေ့တွင် ကော်ဖီဈေးနှုန်းများ ဆက်လက် မြင့်တက်ခဲ့ပြီး တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၁၅,၇၀၀ မှ ဗီယက်နမ်ဒေါင် ၁၁၇,၂၀၀ (အမေရိကန် ဒေါ်လာ ၄.၃၉ မှ ၄.၅၅ ) ကြား ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

 

 

Source: Viet Nam Plus

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News