International News

ထိုင်းနိုင်ငံ၏ ပို့ကုန်တန်ဖိုးကို ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိ တိုးတက်မှုရှိလာနိုင်သည်ဟု Thai National Shippers’ Council (TNSC)က ခန့်မှန်းထား

Last Updated:

ဥရောပနှင့် အရှေ့အလယ်ပိုင်းတွင် ပထဝီဝင်နိုင်ငံရေးဆိုင်ရာ တင်းမာမှုများ ရှိနေသော်လည်း ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း ပို့ကုန်တိုးတက်မှုသည် ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအကြား ရှိနိုင် ကြောင်း Thai National Shippers’ Council (TNSC)က ခန့်မှန်းထားကြောင်း ကောင်စီ ဥက္ကဋ္ဌ Mr. Chaichan Chareonsuk က ပြောကြားခဲ့ပါသည်။

သို့သော် ဥရောပနှင့် အရှေ့အလယ်ပိုင်းတွင် ပထဝီဝင်နိုင်ငံရေးဆိုင်ရာ တင်းမာမှု၊ အမေရိကန် နှင့် တရုတ်တို့အကြား ကုန်သွယ်ရေး ပဋိပက္ခ၊ အမေရိကန်သမ္မတရွေးကောက်ပွဲ၊ အနည်းဆုံးလုပ်ခ လစာ၊ စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားခများ မြင့်တက်လာမှုကြောင့် ထုတ်လုပ်မှုစရိတ်မြင့်တက်လာမှု၊ သင်္ဘောတင်ပို့ခမြင့်တက်လာမှု၊ တရုတ်က ထုတ်လုပ်မှုနှင့် ပို့ကုန် တိုးမြှင့်လိုက်ခြင်းကြောင့် ကွန်တိန် နာ ပြတ်လပ်မှုများစသည့် မမျှော်လင့်နိုင်သော အခြေအနေများကိုလည်း စိုးရိမ်ပူပန်ပါကြောင်း၊ ငွေလဲ နှုန်းတွင် ထိုင်းဘတ်သည် ၁ ဒေါ်လာလျှင် ၃၆ ဘတ်မှ ၃၇ ဘတ်အကြား ကျဆင်းနေခြင်းကြောင့် နိုင်ငံခြားဈေးကွက်များသို့ ပို့ကုန်ယှဉ်ပြိုင်နိုင်မှုကို တိုးစေပါကြောင်း၊ အစိုးရအနေဖြင့် စွမ်းအင်၊ လျှပ်စစ်ဓာတ်အားခနှင့် အနည်းဆုံးလုပ်ခလစာကို သင့်တော်သည့် နှုန်းထားတွင် ထိန်းထားစေလို ကြောင်း Mr. Chaichan က သုံးသပ်အကြံပြုထားပါသည်။

ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့်လည်း တင်ဆောင်သူများနှင့် သင်္ဘောလုပ်ငန်းလုပ်ကိုင်သူများ နှင့် နှစ်စဉ်စာချုပ်ချုပ်ဆိုထားခြင်းဖြင့် ပို့ကုန်အမြင့်ဆုံးရာသီတွင် ကုန်ကျစရိတ်ကိုလည်း စီမံခန့်ခွဲ နိုင်မည် ဖြစ်ပါကြောင်း၊ လျှပ်စစ်အသုံးအဆောင်ပစ္စည်းထုတ်လုပ်သည့် နယ်ပယ်တွင် ရင်းနှီးမြှုပ်နှံမှု များ တိုးမြှင့်စေရေး အစိုးရအနေဖြင့် အထောက်အပံ့ပေးစေလိုကြောင်း၊ ပို့ကုန်တိုးမြှင့်လိုသည့် အသေး စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကိုလည်း ချေးငွေရရှိစေလိုကြောင်း၊ ပြည်ပကုန်သွယ်မှု မြှင့်တင်ရေးဆောင်ရွက်ချက်များသည် ထိုင်းထုတ်ကုန်များကို ကမ္ဘာ့အသိအမှတ်ပြုမှု တိုးမြှင့်စေနိုင် သကဲ့သို့ ထိုင်းလုပ်ငန်းရှင်များကို ကူညီပေးခြင်းဖြင့် ပို့ကုန်ကဏ္ဍကို ပြုပြင်ပြောင်းလဲစေလိုကြောင်း၊ ထိုင်းနိုင်ငံ၏ နိုင်ငံရေးအခြေအနေတည်ငြိမ်နေမည်ဆိုပါက ပို့ကုန်မျှော်မှန်းချက်ဖြစ်သည့် ၁ ရာခိုင်နှုန်း မှ ၂ ရာခိုင်နှုန်း တိုးတက်မှုကို ရောက်ရှိနိုင်မည်ဖြစ်ကြောင်း  Mr. Chaichan က ဖြည့်စွက်ပြောကြားခဲ့ပါ သည်။  

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News