International News

ထိုင်းနိုင်ငံတစ်ဝှမ်းတွင် ၃ လ ကြာ ဆောင်ရွက်သွားမည့် စီးပွားရေးပြန်လည်ကောင်းမွန်ရေးစီမံချက်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများပူး ပေါင်းဆောင်ရွက်၍ နိုင်ငံအဝှမ်း၌ နေထိုင်မှုကုန်ကျစရိတ် ဘတ် ၇ ဘီလီယံနှင့်အထက်=လျှော့ချနိုင်ရန် အတွက် စီးပွားရေးပြန်လည်ကောင်းမွန်ရေးစီမံချက်ကို ဩဂုတ်လ ၂၀ ရက်နေ့မှ နိုဝင်ဘာလ ၂၀ ရက် နေ့အထိ ၃ လကြာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ် H.E Mr. Srettha Thavisin နှင့် အစိုးရအဖွဲ့အစည်းများ တွေ့ဆုံပြီး နောက် စီမံချက် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီး ကို ဦးဆောင်ရန် မှာကြားခဲ့ပါကြောင်း၊ စီမံချက်ကို ဆောင်ရွက်ရခြင်းမှာ စတုတ္ထလပတ်တွင် အကောင် အထည်ဖော် ဆောင်ရွက်မည့် ဒီဂျစ်တယ်ပိုက်ဆံအိတ် စီမံချက်မတိုင်မီ ဒေသခံ ပြည်သူများအတွက် အလုပ်အကိုင်ဖန်တီးပေးရန်နှင့် ဝင်ငွေတိုးတက်စေရန် ဖြစ်ကြောင်း၊ စားသုံးသူများအတွက် နေထိုင်မှု ကုန်ကျစရိတ် သက်သာစေရန်အတွက် တောင်သူများ၏ စိုက်ပျိုးရေး ထုတ်ကုန်များကို ကုန်ကျစရိတ် မရှိဘဲ ရောင်းချနိုင်ရေး အရောင်းနေရာများ သတ်မှတ်ရန် ရှာဖွေသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

အရောင်းနေရာများမှာ ပြည်သူများ အလွယ်တကူဝင်ရောက်နိုင်သည့် ဈေးများ၊ ခရီးသွားနေရာ များ၊ Tong Chom ဈေးများနှင့် Thong Fah (အလံပြာ) ရွေ့လျားယူနစ်များ ဖြစ်ကြောင်း၊ Thong Fah (အလံပြာ) ရွေ့လျားယူနစ်များ မရှိသည့် နေရာများတွင် Volunteer များကို ပြည်သူ့ကျန်းမာရေး ဝန် ကြီးဌာနက စေလွှတ်သွားမည် ဖြစ်ပြီး နေ့စဉ်သုံး အရေးပါသော ပစ္စည်းများကို Poom Puang ကုန်တင် ကားများ၊ ရွေ့လျားဝန်ဆောင်မှုများဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုကြောင့် စီမံကိန်းသည် ဈေးဆိုင်အသေးများကို မထိခိုက်နိုင်သကဲ့သို့ စိုက်ပျိုးရေး ထုတ် ကုန်များကိုလည်း လျှော့ဈေးအဖြစ်သို့ မရောက်ရှိစေပါကြောင်း ဝန်ကြီး H.E Mr. Phumtham Wecha-yachai က ပြောကြားခဲ့သည်။

ဈေးနှုန်းလျှော့ချပေးခြင်းကြောင့် နေထိုင်မှုကုန်ကျစရိတ်ကို ဘတ် ၇ သန်းလျှော့ချပေးနိုင်ပြီး သုံးစွဲမှုကို လှုံ့ဆော်ပေးသကဲ့သို့ စီးပွားရေးကိုလည်း တွန်းတင်ပေးပါကြောင်း၊ စားသုံးသူများ၊ တောင်သူ များ၊ လုပ်ငန်းသေးနှင့် လုပ်ငန်းအကြီးများပါမကျန် ကဏ္ဍအားလုံးတွင် အကျိုးကျေးဇူးရှိစေမည် ဖြစ် ပါကြောင်း ဝန်ကြီး H.E Mr. Phumtham က ဖြည့်စွက်ပြောကြားခဲ့သည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

Category: International News