International News

ASEAN Trade Fair 2024 ဖွင့်ပွဲအခမ်းအနားသို့ မြန်မာသံအမတ်ကြီး တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းရှင်များလည်း ပြခန်းပါဝင်ပြသလျက်ရှိ

Last Updated:

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ ညီလာခံ များနှင့် ပြပွဲကျင်းပရေးစင်တာ (Convention & Exhibition Center- COEX) တွင် ASEAN Trade Fair 2024 ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံအမတ်ကြီး ဦးသန့်စင်တက်ရောက်၍ အာဆီယံ-ကိုရီးယားဗဟိုဌာန (ASEAN-KOREA Centre) ၏ အတွင်း ရေးမှူးချုပ်အပါအဝင် ဆိုးလ်မြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံအမတ်ကြီးများနှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံမှ ခင်းကျင်းပြသသည့် စားသောက်ကုန်ထုတ်လုပ်သည့်ကုမ္ပဏီများ၏ ပြခန်းများသို့ လှည့်လည်ကြည့်ရှုခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

 

ASEAN Trade Fair သည် တောင်ကိုရီးယားနိုင်ငံရှိ ASEAN-KOREA Centre မှ ကြီးမှူး ၍ နှစ်စဉ်ကျင်းပသည့် ကုန်စည်ပြပွဲတစ်ခု ဖြစ်ပါသည်။ ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ အာဆီယံနိုင်ငံများနှင့် တောင်ကိုရီးယားနိုင်ငံတို့ရှိ စီးပွားရေးလုပ်ငန်းရှင်များ အကြားကွန်ရက် ချိတ်ဆက်မိစေရန်၊ အာဆီယံနိုင်ငံများရှိ စားသောက်ကုန်ထုတ်လုပ်သည့် SMEs များကို အား ပေးရန်၊ တောင်ကိုရီးယားဈေးကွက်တွင် အာဆီယံစားသောက်ကုန်နှင့် အဖျော်ယမကာများ ထင်ရှားလာစေရန်နှင့် ထိုမှတစ်ဆင့် အာဆီယံနိုင်ငံများနှင့် တောင်ကိုရီးယားနိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကို အားပေးရန် ဖြစ်ပါသည်။

ASEAN Trade Fair 2024 တွင် မြန်မာနိုင်ငံမှ စားသောက်ကုန်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသည့် ကုမ္ပဏီ (၄) ပါဝင်ပြသလျက်ရှိပါသည်။ ၎င်းတို့မှာ Cho Cho Industry Limited၊ Kaung Ko Group Co., Ltd.၊ Mani Sanda Maritime Services Co., Ltd.၊ Makro Manufacturing Co., Ltd တို့ ဖြစ်ပါသည်။ ပြပွဲကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

စီးပွားရေးသံမှူး၊ ဆိုလ်း

 

Category: International News