International News

ဗီယက်နမ်နိုင်ငံသည် ၇ လအတွင်း ကုန်သွယ်မှုပိုငွေဒေါ်လာ ၁၄ ဘီလီယံကျော်ဖြင့် စံချိန်တင်ခဲ့

Last Updated:

ပြန်လည်သုံးသပ်ကာလအတွင်း ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၄၄၀ ဘီလီယံနီးပါးရှိခဲ့ပြီး ပို့ကုန်စုစုပေါင်းမှာ ဒေါ်လာ ၂၂၆.၉၈ ဘီလီယံနှင့် သွင်းကုန် စုစုပေါင်းမှာ ဒေါ်လာ ၂၁၂.၉ ဘီလီယံဖြင့် နှစ်စဉ် ၁၅.၇% နှင့် ၁၈.၅% အသီးသီးမြင့်က်ခဲ့သည်။ ပို့ကုန်တန်ဖိုး၏ ပြည်တွင်းကဏ္ဍသည် ၂၇.၈% နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍသည် ၁၆.၉% မှ ၁၃၄.၉ ဘီလီယ့အထိမြင့်တက်လာခဲ့သည်။

ဇူလိုင်လ တစ်လတည်းတွင် ကုန်သွယ်မှုတန်ဖိုးသည် ဒေါ်လာ ၆၉.၇၂ ဘီလီယံသို့ရောက်ရှိခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၈.၇% မြင့်တက်ခဲ့သည်။ ဇူလိုင်လတွင် ပို့ကုန်ဒေါ်လာ ၃၅.၉၂ ဘီလီယံအထိရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၉.၁% တိုးလာပြီး ၃၃.၈ ဘီလီယ့အထိမြင့်တက်ခဲ့သည်။

ဗီယက်နမ်စက်မှုလုပ်ငန်းနှင့် ကုန်သွယ်မှုသတင်းအချက်အလက်ဗဟိုဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး (ဟောင်း) Le Quoc Phaung ၏ ပြောကြားချက်အရ ပို့ကုန်ဝင်ငွေဒေါ်လာ ၃၇၇ ဘီလီယံ သို့မဟုတ် ၂၀၂၄ ခုနှစ်တွင် တိုးတက်မှုနှုန်း ၆% အထိရောက်ရှိရန်ရည်မှန်းချက်မှာ အလှမ်းဝေးနေဆဲဖြစ်ကြောင်းသိရသည်။ ဗီယက်နမ်နိုင်ငံသည် ဆန်၊ ငရုတ်ကောင်းနှင့် အထည်အလိပ် စသည့်ကုန်ပစ္စည်းများစွာအတွက် ကမ္ဘာ့ထိပ်တန်းတင်ပို့သည့်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး သွင်းကုန်ဈေးကွက်လိုအပ်ချက်များပြည့်မီရန်နှင့် နိုင်ငံအတွက် ထုတ်ကုန်အရည်အသွေးဆက်လက်တိုးတက်နေစေရန် အရေးကြီးကြောင်း ၎င်းကပြောကြားခဲ့သည်။

ကုမ္ပဏီများသည် ဈေးကွက်တစ်ခုတည်း သို့မဟုတ် အများအပြားကိုမှီခိုခြင်းအန္တရာယ်မှ လျှော့ချနိုင်ရန်အတွက် အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် တောင်အမေရိကတို့ကဲ့သို့သော နယ်ပယ်များသို့ ချဲ့ထွင်ရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနသည် UAE နှင့် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းမှုများကို အရှိန်မြှင့်လုပ်ဆောင်နေပြီး စီးပွားရေးလုပ်ငန်းများအတွက် အကျိုးသက်ရောက်မှုမရှိသော FTA များမြှင့်တင်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအတွက် သင့်လျော်သောထုတ်လုပ်မှုနှင့် ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များတည်ဆောက်နိုင်စေရန်အတွက် ဈေးကွက်မွမ်းမံမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုမြှင့်တင်ရေးတွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကိုလည်းတိုးမြှင့်ရန် အာရုံစိုက်မည်ဖြစ်ကြောင်း စက်မှုနှင့်ကုန်သွယ်မှုဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားကုန်သွယ်မှုအေဂျင်စီလက်ထောက်ညွှန်ကြားရေးမှူး Tran Thanh Hai ကပြောကြားခဲ့သည်။

Source: brecorder

Source: https://www.doca.gov.mm

Category: International News