International News

ထိုင်းနိုင်ငံ၊ ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာနက လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်ဆိုင်ရာ ညှိနှိုင်းမှုများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုမိတ်ဖက်နိုင်ငံများအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုများ ခိုင်မာစေရေးအတွက် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်ဆိုင်ရာညှိနှိုင်းမှုများကို တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာနက ပြောကြားခဲ့ပါသည်။

ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း ထိုင်း-ဥရောပသမဂ္ဂလွတ်လပ်သောကုန်သွယ်ရေးအဖွဲ့ (Efta) တို့အကြား FTA ဆွေးနွေးမှုကို ဩဂုတ်လအတွင်း ဆွစ်ဇာလန်နိုင်ငံ၌ ၁၀ ကြိမ်မြောက်ဆွေးနွေးပြီးပါက အပြီးသတ်ရန် ခန့်မှန်းထားပါကြောင်း၊ ထိုင်း-ဥရောပသမဂ္ဂ FTA ဆွေးနွေးမှု၏ တတိယအကြိမ်မြောက် ကို ဇွန်လတွင် ဘယ်လ်ဂျီယံနိုင်ငံ၌လည်းကောင်း၊ တောင်ကိုရီးယားနှင့် FTA ကို နှစ်လယ်တွင်လည်း ကောင်း‌ ဆွေးနွေးသွားရန် ရှိပါကြောင်း၊ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်စေ ရေးအတွက် ထိုင်းနိုင်ငံတွင် ဆော်ဒီအာရေဗျနှင့်လည်းကောင်း၊ အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်၏ ၁၀ ကြိမ်မြောက်ဆွေးနွေးပွဲကို ဗီယက်နမ်တွင်လည်းကောင်း ကျင်းပသွားရန်ရှိကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Chotima Iemsawasdikul က ပြောကြားခဲ့ပါသည်။

အာဆီယံ-ကနေဒါ FTA ၏ ၈ ကြိမ်မြောက်အစည်းအဝေး၊ အာဆီယံ-တရုတ် FTA ၏ ၉ ကြိမ် မြောက်အစည်းအဝေးနှင့် တောင်ကိုရီးယားနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစာချုပ်ကနဦး ညှိနှိုင်းမှု တို့ကို ထိုင်းနိုင်ငံတွင် ကျင်းပသွားမည် ဖြစ်ကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ချဲ့ထွင်ရန်နှင့် နိုင်ငံ၏ ယှဉ်ပြိုင်မှုနိုင်မှုကို မြှင့်တင်ရန်အတွက် အဓိက ကုန်သွယ်မှုမိတ်ဖက်နိုင်ငံများနှင့် FTA ညှိနှိုင်းမှုများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည့် မူဝါဒ ချမှတ်ထားပါကြောင်း၊ စီးပွားရေး သံတမန်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရမည့် နိုင်ငံ၏ မူဝါဒနှင့်လည်းကိုက်ညီ ပါကြောင်း၊ FTA ညှိနှိုင်းမှုများသည် ထိုင်းနိုင်ငံစီးပွားရေး တိုးတက်မှုအတွက် ၂၀၂၇ ခုနှစ်တွင် ကမ္ဘာ့ကုန် သွယ်ရေး၏ ၈၀ ရာခိုင်နှုန်းထိ လွှမ်းခြုံနိုင်မည်ဖြစ်ကြောင်း  ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံ ၁၈ နိုင်ငံနှင့် FTA ၁၄ ခု ရှိပါကြောင်း၊ Efta၊ ဥရောပ သမဂ္ဂတို့နှင့် ဆွေးနွေးဆဲဖြစ်သကဲ့သို့ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန် တို့နှင့် ရှိပြီးသော FTA များ အဆင့်မြှင့်တင်ဆွေးနွေးလျက်ရှိပါကြောင်း၊ ထိုင်း-တောင်ကိုရီးယား စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုစာချုပ်ကို မတ်လ ၂၈ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း၊ FTA ညှိနှိုင်းရေးဆိုင်ရာ ရည်ရွယ်သည့်စာလွှာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် လက်မှတ်ရေးထိုးထားပါကြောင်း၊ တောင်အာရှအတွင်းထိုင်းနိုင်ငံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့နိုင်ရေးအတွက် ဘင်္ဂလား ဒေ့ရှ်တွင် စွမ်းဆောင်ရည်ကြွယ်ဝပါကြောင်း၊ ဘူတန်၊ မလေးရှား၊ ယူကေနှင့် တရုတ်တို့နှင့် ပူးတွဲ ကုန်သွယ်ရေးကော်မတီအစည်းအဝေးများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားရန်ရှိပါကြောင်း၊ အဆို ပါ အစည်းအဝေးသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အဆင့်မြင့်အရာရှိများ၏ ပုံမှန်ဆွေးနွေးပွဲဖြစ်ပါကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုအစီအစဉ်များ ချမှတ် ခြင်း၊ ကုန်သွယ်ရေးပမာဏအတွက် ခန့်မှန်းခြင်းနှင့်ကုန်သွယ်ရေးပြဿနာများဖြေရှင်းခြင်းတို့လည်း ပါဝင်ပါကြောင်း Ms. Chotima ကဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံ ၁၈ နိုင်ငံနှင့် FTA ၁၄ ခု လက်မှတ်ရေးထိုးထား ပြီးဖြစ်သကဲ့သို့ Efta၊ ဥရောပသမဂ္ဂတို့နှင့် ဆွေးနွေးဆဲဖြစ်သည့်အပြင် တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီး ယား၊ ဩစတြေးလျနှင့် နယူးဇီလန်တို့နှင့် ရှိပြီးသော FTA များ အဆင့်မြှင့်တင်လျက်ဆွေးနွေးလျက်ရှိရာ နိုင်ငံ၏ မူဝါဒဖြစ်သော စီးပွား‌ရေးသံတမန်နည်းလမ်းကို အသုံးချခြင်းဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုလွယ်ကူချောမွေ့စေ‌ရေး ဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။ တောင်ကိုရီး ယားနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစာချုပ်ကို လက်မှတ်ရေးထိုးထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် FTA ညှိနှိုင်းရေးဆိုင်ရာ ရည်ရွယ်သည့်စာလွှာ လက်မှတ်ရေးထိုးထားပါကြောင်း ဖြည့်စွက်တင်ပြအပ်ပါ သည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News