Local News

ပခုက္ကူမြို့၌ ခရမ်းချဉ်သီးအရောင်းအဝယ်ဖြစ်မှုအခြေအနေ

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်ရှိ ခရမ်းချဉ်သီးဈေးကွက်သို့ ရှမ်းပြည်နယ် အောင်ပန်း၊ ပြင်ဦးလွင်နှင့် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသထွက် ခရမ်းချဉ်သီးနှင့် ပခုက္ကူ၊ မြစ်ခြေကျွန်းဒေသထွက် ခရမ်းချဉ်သီးများဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

ယခုအချိန်တွင် ကျွန်းဗမာခရမ်းချဉ်သီးများဝင်ရောက်မှုနည်းပါးပြီး ရှမ်းပြည်နယ်၊ အောင်ပန်း ဒေသထွက်ထိုင်ဝမ်ခရမ်းချဉ်သီးများ ဝင်ရောက်မှုများကြောင်း၊ အောင်ပန်းနှင့်ပြင်ဦးလွင်မှဝင်ရောက်သည့် ခရမ်းချဉ်သီးများမှာ ရာသီမရွေး ဝယ်ယူစားသုံးနိုင်ပြီး အခွံထူ၍ အချဉ်ဓာတ်နည်းသည့်အပြင် အလုံးအရွယ်အစားလှခြင်းကြောင့် ဝယ်ယူစားသုံးမှုများကြောင်း သိရသည်။

ဈေးနှုန်းဈေးကွက်အနေဖြင့် ဧပြီလ၊ စတုတ္ထပတ်တွင် ထိုင်ဝမ် ခရမ်းချဉ်သီး တစ်ပိဿာလျှင် အရွယ်အစားနှင့် အရည်အသွေးကိုလိုက်၍ ကျပ် ၇၀၀-၈၀၀-၁,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မေလ၊ ပထမပတ်အစောပိုင်းကာလတွင် ထိုင်ဝမ်ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် ၁,၀၀၀-၁,၂၀၀- ၁,၆၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူဈေးကွက်သို့ ဒေသထွက်ခရမ်းချဉ်သီးများဝင်ရောက်မှုနည်းပါးခြင်းကြောင့် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၆၀၀ ခန့်အထိ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

Source: DOCA(မကွေး)

Source: https://commerce.gov.mm

Category: Local News