International News

ထိုင်းနိုင်ငံအစိုးရသည် အောက်တိုဘာလတွင် BRICS အဖွဲ့ဝင် ဖြစ်ရန် မျှော်လင့်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ အစိုးရသည် အောက်တိုဘာလတွင် BRICS အဖွဲ့ဝင်သို့ ရောက်ရှိရန် မျှော်လင့်ထား ကြောင်း ရုရှားနိုင်ငံ Nizhny Novgorod တွင် ကျင်းပခဲ့သည့် BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးတွင် နိုင်ငံခြားရေးဝန်ကြီး Mr. Maris Sangiapongsa က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံသည် BRICS နှင့်ပူးပေါင်းဆောင်ရွက်မှုကို တန်ဖိုးထားပြီး အဆင့်မြင့်အစည်းအဝေး များတွင် ပါဝင်တက်ရောက်ခဲ့ပါကြောင်း၊ အနာဂတ်တွင် BRICS မူဘောင်အောက်တွင် ပိုမိုစေ့စပ်ညှိနှိုင်း သွားမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် BRICS အဖွဲ့ဝင်နိုင်ငံအဖြစ် စောနိုင်သမျှ ဆောလျင်စွာ ဖြစ်လိုပါကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။

BRICS ကို ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင် အာဖရိက စသည့် အဓိက စီးပွားရေးကြီးထွားသော နိုင်ငံများ ပါဝင်ပါကြောင်း၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်နှင့် အာရပ်စော်ဘွားများပြည်ထောင်စုသည် ၂၀၂၃ ခုနှစ်တွင် BRICS ၏ အဖွဲ့ဝင်အသစ်များ ဖြစ်ပါကြောင်း၊ ယခုနှစ်အတွက် နိုင်ငံပေါင်း ၃၀ နိုင်ငံက BRICS သို့ဝင်ရောက်ရန် စိတ်ဝင်စားမှုကို ပြသ လျက်ရှိပြီး ကူဝိတ်၊ ထိုင်းနှင့် ဗီယက်နမ်တို့အပါအဝင် နိုင်ငံ ၁၅ နိုင်ငံက အဖွဲ့ဝင်ဖြစ်ရေး လျှောက်ထား ဆဲဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံသည် BRICS သို့ ပေးရန် ကြီးမားသော ကမ်းလှမ်းချက်ရှိပါကြောင်း၊ မိမိတို့ နိုင်ငံသည် ချိတ်ဆက်မှုကို တည်ဆောက်သူဖြစ်ပြီး ဒေသတွင်း၊ ဒေသခွဲနှင့် နိုင်ငံပေါင်းစုံ မူဘောင်များ အကြား ချိတ်ဆက်မှုအတွက် အားထုတ်မှုများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

BRICS ၏ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အစားအစာနှင့် စွမ်းအင်ဖူလုံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်စေရန် အဆိုပြုလိုပါကြောင်း၊ ထောက်ပံ့မှုကွင်းဆက်ချိတ်ဆက်ခြင်းဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုကို မြင့်တက်စေလိုကြောင်း၊ နယ်စပ်ဖြတ်ကျော် ဒီဂျစ်တယ် ပေးချေမှုများနှင့် ဒေသတွင်း ငွေကြေးများသုံးစွဲမှုကို မြှင့်တင်လိုကြောင်း၊ ထိုင်းနိုင်ငံသည် ကျန်းမာရေး၊ အလုပ်အကိုင်၊ အစားအစာ၊ ပတ်ဝန်းကျင်နှင့် စွမ်းအင် စသည့် ရှုထောင့် ၄ ခုတွင် ပြည်သူတို့အတွက် လုံခြုံမှုကို အာရုံစိုက်ခြင်းဖြင့် BRICS နိုင်ငံများနှင့် အတွေ့အကြုံများ ဖလှယ်ရန် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ အောက်တိုဘာလ အတွင်း ရုရှား၌ ကျင်းပမည့် BRICS ညီလာခံတွင် ထိုင်းနိုင်ငံအား အဖွဲ့ဝင်အသစ်အဖြစ် ကြေညာ ချက်ကို မျှော်လင့်ပါကြောင်း၊ ထိုင်းနိုင်ငံသည် BRICS ကို ပိုမိုပါဝင်စေမှု၊ ပိုမိုချိတ်ဆက်မှု နှင့် တည်ငြိမ်ပြီး အားလုံးအတွက် အကျိုးရှိစေမည့် ကမ္ဘာ့သစ်အဖြစ် ပုံဖော်နိုင်ရေး ပါဝင်ဆောင်ရွက်သွားမည်မှာ အသေအချာပင်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Mr. Maris Sangiapongsa က ပြောကြား ခဲ့ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News