International News

စက်သုံးဆီဝယ်ယူတင်သွင်းရေးနှင့်စပ်လျဉ်း၍ PTT၊ MPTA နှင့် စီးပွားရေးသံမှူးတို့တွေ့ဆုံခဲ့

Last Updated:

ထိုင်းနိုင်ငံမှ စက်သုံးဆီဝယ်ယူတင်သွင်းရေးနှင့်စပ်လျဉ်း၍ MPTA၊ PTT တို့ ၁၇-၅-၂၀၂၄ ရက်နေ့ တွင် ထိုင်းနိုင်ငံ PTT ရုံးချုပ်၌ တွေ့ဆုံဆွေးနွေးခဲ့ရာ စီးပွားရေးသံမှူးသည် Virtual စနစ်ဖြင့် ပါဝင်တက် ရောက် ခဲ့ပါသည်။

ရှေးဦးစွာ MPTA ၏ နောက်ခံသမိုင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် လွန်ခဲ့သော ၁၅ နှစ် ဝန်းကျင်ခန့်က ရေနံကဏ္ဍ သည် အစိုးရတစ်ဦးတည်းကသာလျှင် ကိုင်တွယ်ထားပြီး ပုဂ္ဂလိက ကဏ္ဍက ဆောင်ရွက်နိုင်ခြင်းမရှိ ပါကြောင်း၊ နာဂစ်မုန်တိုင်း ကာလများအလွန် ၂၀၀၈ ခုနှစ်မှစ၍ အစိုးရ၏ မူဝါဒ သည် ပြောင်းလဲခဲ့ပြီး ပုဂ္ဂလိက ကဏ္ဍကို ဆောင်ရွက်ခွင့်ပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသားတိုင်း ရေနံ ကဏ္ဍတွင် လုပ်ငန်းလုပ်ကိုင်နိုင်သဖြင့် ပွင့်လင်းမြင်သာမှုရှိခဲ့ပြီး ကုန်သွယ်မှုလည်း ကောင်းမွန်ခဲ့ပါ ကြောင်း၊ မြန်မာအစိုးရက ချမှတ်ထားသော မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများအရ ပုဂ္ဂလိက ကုမ္ပဏီများ သည် အသင်းတစ်ခု၏ အဖွဲ့ဝင်ဖြစ်ရန် လိုအပ်ပါကြောင်း၊ ထိုမှစ၍ မြန်မာနိုင်ငံ စက်သုံး ဆီ ရောင်းချ ဖြန့်ဖြူးရေးအသင်း (Myanmar Petroleum Trade Association-MPTA) ဖြစ်ပေါ်လာခဲ့ ကြောင်း၊ ပုဂ္ဂလိက ကဏ္ဍမှ ဆီဖြန့်ဖြူးရောင်းချလိုသည့် လုပ်ငန်းရှင်များသည် MPTA ၏ အဖွဲ့ဝင် ဖြစ်ရန် လိုအပ် ပါကြောင်း၊ အဖွဲ့ဝင်ဖြစ်သည့် လုပ်ငန်းရှင်များသည် တင်သွင်း၊ သိုလှောင်နှင့် ဖြန့်ဖြူးခြင်း လုပ်ငန်းများ ကို ဆောင်ရွက်နိုင်ပါကြောင်း၊ နိုင်ငံသားတိုင်းကို အဆိုပါ လုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးခဲ့ပါကြောင်း ဆွေးနွေးပါသည်။

စက်သုံးဆီရောင်းဝယ်မှုကို မြန်မာနိုင်ငံသား မည်သူမဆို ဆောင်ရွက်နိုင်မှုနှင့်စပ်လျဉ်း၍ အစိုးရ က မည်သို့ ထိန်းချုပ်သည်ကို သိလိုကြောင်း မေးမြန်းချက်အပေါ် အသင်းဖြစ်စေရေးအတွက် အစိုးရ ထံတွင် မှတ်ပုံတင်ရပါကြောင်း၊ အသင်းဖွဲ့စည်းရခြင်းသည် အစိုးရ၏ လမ်းညွှန်ချက်ကြောင့် ဖြစ်ပါ ကြောင်း၊ အစိုးရအနေဖြင့် ဈေးကွက်စီးပွားရေးစနစ်ကို သွားလိုသောကြောင့် နိုင်ငံသားတိုင်း အတွက် လွတ်လပ်ခွင့်ပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်း လုပ်ငန်းဆောင်ရွက်နိုင်သော်လည်း MPTA နှင့် အစိုးရ၏ လုပ်ထုံးလုပ်နည်းများကို လိုက်နာရန်လိုအပ်ပါကြောင်း၊ MPTA သည် အစိုးရ ကိုယ်စား စက်သုံးဆီလုပ်ငန်းဆောင်ရွက်လိုသည့် အသင်းဝင်များကို သွယ်ဝိုက်သောနည်းဖြင့် ထိန်းကျောင်းပေး ပါကြောင်း၊ အစိုးရက MPTA ကို မည်သည်ကို ဆောင်ရွက်ရမည်/မဆောင်ရွက်ရမည်ကို ညွှန်ကြား ချက်ပေးပါကြောင်း၊ မိမိတို့အနေဖြင့် အသင်းဝင်များကို အဆိုပါ လုပ်ထုံးလုပ်နည်းအတိုင်း စီမံခန့်ခွဲပါ ကြောင်း၊ အသင်းဝင်အဖြစ် အလွယ်တကူ လျှောက်ထားနိုင်ပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနနှင့် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့က လုပ်ထုံးလုပ်နည်းများ ချမှတ်ပါကြောင်း၊ စက်သုံးဆီ အရည်အသွေး၊ အရေအတွက်တို့နှင့်စပ်လျဉ်း၍ စွမ်းအင်ဝန်ကြီးဌာနက စီမံခန့်ခွဲပြီး သွင်းကုန် လိုင်စင် ကိစ္စရပ်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်ပါကြောင်း ပြန်လည် ဆွေးနွေးပါသည်။

MPTA အဖွဲ့ဝင်တိုင်းသည် အစိုးရ၏ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပါက အသင်းဝင် များက စက်သုံးဆီကို နိုင်ငံအတွင်းသို့ တင်သွင်းဖြန့်ချိမည်ဆိုပါက အသင်းအနေဖြင့် ဈေးနှုန်းကို မည်ကဲ့သို့ ထိန်းချုပ်သည်ကို သိလိုကြောင်း မေးမြန်းချက်အပေါ် မိမိတို့အနေဖြင့် စက်သုံးဆီလုပ်ငန်း ကို ၂၀၀၈-၂၀၀၉ ခုနှစ်မှစ၍ လုပ်ကိုင်လာခဲ့ပါကြောင်း၊ အချိန်ကြာလာသည်နှင့်အမျှ မူဝါဒများလည်း ပြောင်းလဲလာပါကြောင်း၊ သွင်းကုန်မူဝါဒနှင့်စပ်လျဉ်း၍ ယခင်က သွင်းကုန်မူဝါဒသည် လွတ်လပ်ပါ ကြောင်း၊ မည်သူမဆို လွတ်လပ်စွာ တင်သွင်းနိုင်ပါကြောင်း၊ ယင်းအချိန်များတွင် နိုင်ငံခြားငွေပိုင် ဆိုင်မှုသည် ကောင်းမွန်ပါကြောင်း၊ ထို့ကြောင့် တင်သွင်းသူများသည် မည်သည်ကို တင်သွင်းလို သည်ဖြစ်စေ တင်သွင်းနိုင်ကြောင်း၊ ဈေးနှုန်းမူဝါဒသည်လည်း လွတ်လပ်ပြီး ဈေးကွက်စီးပွားရေး အရ အချင်းချင်းယှဉ်ပြိုင်နိုင်ပါကြောင်း၊ မည်သူအဆို တင်သွင်းနိုင်ပြီး ယှဉ်ပြိုင်နိုင်ပါကြောင်း၊ တင်သွင်းမှု အပေါ် အကန့်အသတ်မရှိသကဲ့သို့ ဈေးနှုန်းအပေါ်တွင်လည်း ထိန်းချုပ်မှုမရှိပါကြောင်း၊ ၃ နှစ်ကြာပြီး နောက် အရန်နိုင်ငံခြားငွေတွင် စတင် ကျပ်တည်းမှုရှိလာပါကြောင်း၊ ထို့ကြောင့် တင်သွင်းမှုအပေါ် စတင်ထိန်းချုပ်လာပါကြောင်း၊ စက်သုံးဆီတင်သွင်းသည့် ကဏ္ဍသည်လည်း ထိန်းချုပ်သည့် ကဏ္ဍ တစ်ခု ဖြစ်လာပါကြောင်း၊ တင်သွင်းမှုနှင့် ဖြန့်ချိမှုသည် ဆက်စပ်နေသဖြင့် တင်သွင်းမှုကို ထိန်းချုပ် သကဲ့သို့ ဖြန့်ချိမှုတွင်လည်း ထိန်းချုပ်ပါကြောင်း၊ အစိုးရသည် သုံးစွဲသူများကို မထိန်းချုပ်ထားဘဲ ကိုယ်တိုင်အသုံးပြုသည်ဖြစ်စေ၊ လုပ်ငန်းသုံးအတွက်ဖြစ်စေ အသုံးပြုနိုင်သဖြင့် ယင်းသည် ဝယ်လိုအား ဖြစ်လာပါကြောင်း၊ သုံးစွဲသူများသည် ဖြန့်ချိသူများထံမှ ဝယ်ယူနိုင်ပြီး ဖြန့်ချိသူများကို တင်သွင်းသူ များက Supply လုပ်ပါကြောင်း၊ ထို့ကြောင့် တင်သွင်းသူများအနေဖြင့် ပမာဏမည်မျှ Supply လုပ်ရ မည်ဆိုသည်ကို ဆုံးဖြတ်ရပါကြောင်း၊ ထို့ကြောင့် တစ်ဦးချင်းအသုံးပြုရန်နှင့် စက်ရုံ အသုံးပြုရန် အတွက် လိုအပ်သော စက်သုံးဆီပမာဏကို အသင်းချုပ်အနေဖြင့် စွမ်းအင်ဝန်ကြီးဌာနထံ အချက် အလက်တောင်းခံ၍ လစဉ် တွက်ချက်ပြီး စွမ်းအင်ဝန်ကြီးဌာနသို့ ပေးပို့ရပါကြောင်း၊ အဆိုပါ အချက် အလက်များကို စိစစ်၍ ခွင့်ပြုပေးပါကြောင်း၊  တွက်ချက်မှုနှင့် ယခင်နှစ် လစဉ်သုံးစွဲမှု ပေါ် မူတည်၍ ဝယ်လိုအားသည် ပြောင်းလဲမှု ရှိပါကြောင်း၊ ဝယ်လိုအားကို ပြည့်မီစေရေးအတွက် မည်မျှ တင်သွင်း ရမည်ကို စဉ်းစားရပါကြောင်း ပြန်လည်ဆွေးနွေးပါသည်။

PTT အနေဖြင့် ယခင်က MPGE နှင့် joint venture ဆောင်ရွက်ဖူးသော်လည်း ငွေပေးချေမှု တစ်ခု ပြဿနာဖြစ်ပေါ်ခဲ့သဖြင့် ရပ်ဆိုင်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ ဖြစ်ပွားရခြင်းမှာ Third Party ကြောင့် ဖြစ်နိုင်ပါကြောင်း၊ မိမိတို့အနေဖြင့် တိုက်ရိုက်တင်ပို့ခြင်းမဟုတ်ဘဲ ထိုင်းတင်ပို့သူမှ တစ်ဆင့် Refinery များမှ တင်ပို့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် PTT တို့သည် ကောင်းမွန်သော ဆက်ဆံရေး ရှိပါကြောင်း၊ ယခင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်ကြောင့် မိမိတို့အနေဖြင့် များစွာစဉ်းစားနေရ ပါကြောင်း၊ ထို့ကြောင့် ပိုမိုသေချာစေရေးအတွက် အချက်အလက်များ ပြည့်စုံစွာလိုအပ်ပါကြောင်း၊  PTT အနေဖြင့် FOB ထက် CIF  က ပိုမိုအဆင်ပြေပါကြောင်း PTT က ဆွေးနွေးပါသည်။

MPTA အဖွဲ့ဝင်ဖြစ်သော မည်သည့် ကုမ္ပဏီဖြစ်စေ PTT ထံမှ စက်သုံးဆီဝယ်ယူ တင်သွင်းလိုပါ က PTT အနေဖြင့် တိုက်ရိုက်ဆွေးနွေးနိုင်ပါကြောင်း၊ တင်သွင်းမှုနှင့် စပ်လျဉ်း၍ အစိုးရ၏ လမ်းညွှန်မှု နှင့် MPTA လုပ်ထုံးလုပ်နည်းများကို လိုက်နာရန်လိုအပ်မည် ဖြစ်ကြောင်း၊ ပထမအဆင့် ခွဲတမ်း နှင့် ဒုတိယအဆင့် လိုင်စင်နှင့် တတိယအဆင့် ဈေးနှုန်းတို့ဖြစ်ကြောင်း၊ ဈေးနှုန်းနှင့် တင်သွင်းမှုသည် ထိန်းချုပ်ထားသဖြင့် Supplier များအနေဖြင့် Concern ရှိနေပါကြောင်း MPTA က ပြန်လည် ဆွေးနွေး ပါသည်။

 MPTA အနေဖြင့် အခြားသော စက်သုံးဆီ Supplier များထံမှ CIF ဖြင့်သာ ဝယ်ယူသောကြောင့် middle man ကို ရှာဖွေ၍ PTT က Middle man ထံသို့ FOB ဖြင့် ရောင်းချ၍ MPTA က အဆိုပါ middle man ထံမှ CIF ဝယ်ယူနိုင်ရေး ဆွေးနွေးနိုင်ကြောင်း MPTA က ပြန်လည်ဆွေးနွေးပါသည်။

 Middle man ကို မည်သို့ ထိန်းချုပ်မည်ကို မေးမြန်းရာ MPTA က ဘဏ်အနေဖြင့် အဆိုပါ middle man ကို ထိန်းချုပ်နိုင်ကြောင်း၊ Middle man သည် MPTA ၏ အသင်းဝင်မဖြစ်သော်လည်း ဘဏ္ဍာရေးကိစ္စအဆင်ပြေအောင် ဆောင်ရွက်နိုင်သူဖြစ်ပါက PTT နှင့် MPTA တို့ လက်ခံနိုင်သူ ဖြစ် ကြောင်း ပြန်လည်ဆွေးနွေးပါသည်။

Third party သည် နှစ်ဖက်စလုံး၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည့်သူ ဖြစ်ရန် လိုအပ် ကြောင်း၊ CIF အတွက် ဘဏ်များက ဆောင်ရွက်ပေးနိုင်သော်လည်း FOB အတွက်မူ ကန့်သတ်ချက်များ ရှိပါကြောင်း၊ ငွေပေးချေမှုနှင့်စပ်လျဉ်း ၍ လတ်တလောတွင် အမေရိကန်ဒေါ်လာဖြင့် ဆောင်ရွက်နေ သော်လည်း ဘတ်ငွေဖြင့် ပေးချေရမည်ဆိုပါက ပိုမိုအဆင်ပြေပါကြောင်း MPTA က ပြန်လည်ဆွေးနွေး ပါသည်။

အမေရိကန်ဒေါ်လာ သုံးစွဲမှုနှင့်စပ်လျဉ်း၍ ပိတ်ဆို့ကန့်သတ်ချက်များရှိနေသောကြောင့် ဘတ် ငွေဖြင့် ပေးချေမှုဆောင်ရွက်မည်ဆိုပါက PTT အတွက်လည်း အဆင်ပြေပါကြောင်း PTT က ပြန်လည်ဆွေး နွေးပါသည်။

မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုများစွာဆောင်ရွက်နေသဖြင့် ဘတ်ငွေရရှိပါ ကြောင်း၊ အဆိုပါ ဘတ်ငွေကို ပြန်လည်အသုံးပြုမည်ဆိုပါက အမေရိကန်ဒေါ်လာ၏ ဖိအားသက်သာ သွား မည် ဖြစ်ပါကြောင်း၊ Transaction lost များကိုလည်း ကင်းလွတ်ခွင့်ရရှိမည် ဖြစ်ကြောင်း MPTA က ပြန်လည်ဆွေးနွေးပါသည်။

မြန်မာနိုင်ငံတွင် Terminal ၈ ခုရှိပြီး ၄၀၀,၀၀၀ မက်ထရစ်တန်သိုလှောင်နိုင်ပါကြောင်း၊ Jetty capacity သည် ၃၅ KT ဖြစ်ပါကြောင်း၊ gasoil နှင့် gasoline ဝယ်ယူလိုခြင်းဖြစ်ကြောင်း၊ gasoil သည် 10 PPM နှင့် 500 PPM ဖြစ်ကြောင်း၊ gasoline အမျိုးအစားတွင် 95 ရှိ-မရှိ မေးမြန်းရာ ထိုင်းနိုင်ငံတွင် 95 ပြတ်တောက်နေပြီး မတင်ပို့နိုင် ပါကြောင်း ဆွေးနွေးပါသည်။

logistic နှင့်စပ်လျဉ်း၍ ကုန်းလမ်းနှင့် ရေကြောင်းလမ်းတို့မှသယ်ယူခြင်းသည် စင်ကာပူမှသယ် ယူခြင်းထက် စရိတ်ကြီးမြင့်သဖြင့် ထပ်မံဆွေးနွေးရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် စင်ကာပူနိုင်ငံရှိ PTT ၏ ရုံးခွဲမှတဆင့် ဝယ်ယူခြင်း သို့မဟုတ် PTT ၏ Refinery များမှ မြန်မာနိုင်ငံရှိ Terminal သို့ ဈေး နှုန်းချိုသာစွာ သယ်ယူပို့ဆောင်ပေးနိုင်မည့် Third Party လိုအပ်ပါကြောင်း၊ ဆီအရည်အသွေးသည် စင်ကာပူသတ်မှတ်ချက်အတိုင်းဖြစ်လိုပါကြောင်း ဆွေးနွေးခဲ့ပါသည်။

Third Party အနေဖြင့် ဆောင်ရွက်မည့် ကုမ္ပဏီ/ လူပုဂ္ဂိုလ်များ၏ စာရင်းကို MPTA မှ ပံ့ပိုး ပေးစေလိုကြောင်း၊ အဆိုပါ စာရင်းပေါ်မူတည်၍ မိမိတို့အနေဖြင့် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ Logistic နှင့်စပ်လျဉ်း၍ အသေး စိတ်ထပ်မံဆွေးနွေးသွားရန်လိုအပ်မည် ဖြစ်ကြောင်း PTT မှ ပြန်လည်ဆွေးနွေးပါသည်။

 

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News