International News

ထိုင်းနိုင်ငံရှိ ပိုလျှံသီးနှံများကို ဝယ်ယူပေးရန် ထိုင်းလုပ်ငန်းစုများနှင့် အစိုးရအဖွဲ့အစည်းများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တိုက်တွန်းပြောကြားခဲ့

Last Updated:

၂၀၂၄ ခုနှစ်အတွင်း ဝင်ငွေ ဘတ် ၁ ထရီလီယံသို့ ရောက်ရှိရန် စီးပွားရေးသီးနှံများနှင့် ဒုတိယအဆင့်သီးနှံများအား ပူးပေါင်းဝယ်ယူပေးကြရန် ထိုင်းလုပ်ငန်းစုများနှင့် အစိုးရအဖွဲ့အစည်းများအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ပြည်သူပေါင်း ၂၇ သန်းခန့် အလုပ်လုပ်ကိုင်နေကြပြီး စုစု ပေါင်းလုပ်သားအင်အား၏ ၄၀ ရာခိုင်နှုန်းခန့်ဖြစ်ကြောင်း၊ အိမ်ထောင်စု ၇.၄ သန်းခန့်ပါဝင်ပြီး စိုက်ပျိုး ရေးသီးနှံများဖြစ်သည့် ဆန်၊ ရာဘာ၊ ဆီအုန်း၊ ပြောင်းနှင့် ပီလောပီနံတို့ဖြစ်ပြီး တန်ချိန် ၈၇.၇ သန်း ဖြစ် ကြောင်း၊ ဒုတိယအဆင့် သီးနှံများတွင် သစ်သီးများနှင့် ကြက်သွန်နီအလုံးသေး (Shallots)၊ ကြက်သွန် နီနှင့် ကြက်သွန်ဖြူတို့ ပါဝင်ပြီး တန်ချိန် ၂၄ သန်းနှင့် ဟင်းသီးဟင်းရွက်များမှာ တန်ချိန် ၉၆ သန်းဖြစ် ကြောင်း၊ ယင်းသီးနှံများ စုပေါင်းပါက ဘတ် ၁.၃၂ ထရီလီယံ တန်ဖိုးရှိသဖြင့် GDP ၏ ၉ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း စိုက်ပျိုးရေး ပို့ကုန်ဝင်ငွေသည် ဘတ် ၁.၆၉ ထရီလီယံ ရှိခဲ့ပါ ကြောင်း ဝန်ကြီး H.E Mr. Phamthum Wechayachai က ပြောကြားခဲ့ပါသည်။

သို့သော် စိုက်ပျိုးရေးကဏ္ဍတွင် ဝင်ငွေ၊ ထုတ်လုပ်မှု နှင့် အရည်အသွေးတို့နှင့်စပ်လျဉ်း၍ မသေ ချာမှုများ ရင်ဆိုင်နေရပါကြောင်း၊  ပြည်ပပြောင်းလဲမှုများသည် ထုတ်လုပ်မှုနှင့် တောင်သူများ၏ ဝင်ငွေ တို့ကို တိုက်ရိုက် ထိခိုက်ပါကြောင်း၊ တောင်သူများ၏ လူနေမှုဘဝမြှင့်တင်ပေးရန် ရည်ရွယ်၍ စိုက်ပျိုး ရေး ထုတ်ကုန်များ ဈေးနှုန်းနည်းပါးမှု ပြဿနာကို သက်သာစေရန် အစီအမံများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကုန်တိုက်များ၊ စတိုးဆိုင်များနှင့် စက်သုံးဆီအရောင်းဆိုင်များ စသည့် လုပ်ငန်းကြီးများ နှင့် ပူးပေါင်းဆောင်ရွက်၍ ဒုတိယအဆင့် သီးနှံများကို မြှင့်တင်ရန်နှင့် ၂၀၂၄ ခုနှစ်အတွက် သီးနှံစီမံ ခန့်ခွဲမှု အစီအမံများ ဆောင်ရွက်ရန် အမြဲတမ်းအတွင်းဝန်နှင့် ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့အား ညွှန်ကြားခဲ့ကြောင်း သိရှိရပါသည်။

ဒုတိယအဆင့် သီးနှံ အမျိုးအစား ၁၈ ခုအနက် စောင့်ကြည့်လျက်ရှိသည့် သစ်သီး ၁၃ မျိုးမှာ ဒူးရင်း၊ မင်းဂွတ်၊ ကြက်မောက်၊ ကနစို၊ လေချူ၊ နာနတ်၊ လိုင်ချီး၊ သလဲသီး၊ လိမ္မော်၊ မရမ်းသီး၊ သရက်၊ သံပယိုနှင့် ခရမ်းချဉ်သီးတို့အပြင် ဖရုံသီး၊ ငရုတ်သီး၊ ကြက်သွန်နီအလုံးသေး၊ ကြက်သွန်နီနှင့် ကြက် သွန်ဖြူတို့ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ စိုက်ပျိုးရေး အစီအမံများကြောင့် စီးပွားရေးတန်ဖိုးသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး တောင်သူများ၏ ဝင်ငွေကို ဘတ် ၂၀၀ သန်း မြင့်တက်စေခဲ့သဖြင့် ဝင်ငွေ ဘတ် ၁.၀၅ ထရီလီယံ တိုးမြင့်ခဲ့ပါကြောင်း၊ သီးနှံများနှင့် ဟင်းသီး ဟင်းရွက်များ ပိုလျှံနေမှုကို တန်ချိန် ၃၂၁,၅၇၉ ထိ လျှော့ချရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News